Fact Check:  NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တရုတ်ပြောတဲ့သတင်းမှား

နိုင်ငံရေး | Politics

NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တရုတ်ပြောပြီး စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “တရုတ်က ငြင်းပယ်လိုက်ပြီ NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ အပြတ်ပြော” စသည်ဖြင့်ရေးသားပြီး “N G V”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

၉ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ရဲ့ အဖွင့်စာသားနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ၊တရုတ်ဝန်ကြီးချုပ် လီခကျန်းဓာတ်ပုံတွေနဲ့အတူ NLD မပါတဲ့ရွေးကောက်ပွဲ တရုတ်ငြင်းပယ်လို့ တရုတ်ဘက်က အပြတ်ပြောပြီလို့ ဆိုထားပေမဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာမပါဝင်ဘူး။ ဒီလို တရုတ်က မြန်မာစစ်တပ်က ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားချက်၊ မှတ်ချက်မျိုးကို ယုံကြည်ရလောက်တဲ့  သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာဖော်ပြချက်မတွေ့ရပါဘူး။

အမှန်တကယ် အသံဖိုင်ထဲမှာ ပါဝင်တဲ့အကြောင်းအရာဟာ အာဏာရှင်တွေဟာ ပြည်သူတွေရဲ့ နို်င်ငံရေး ရေချိန်ကို အနုပညာနဲ့ အကဲခတ်လေ့ရှိပြီး မင်းသားမင်းသမီးတွေရဲ့ ‌ကောလာဟလနဲ့ အပုတ်ချသတင်းတွေကို လူမှုကွန်ယက်မှာ လူတွေစိတ်ဝင်စားနေကြတာဟာ တစ်ဖက်က တော်လှန်ရေးလုပ်နေတဲ့ ခံစားနေရတဲ့ အနုပညာရှင်တွေကို အကြီးအကျယ်စော်ကားရာရောက်ကြောင်း စသည်ဖြင့်ဖော်ပြထားတဲ့ လူမှုကွန်ယက်က အတွေးအမြင်ပို့စ်တစ်ခုကို မျှဝေနေခြင်းဖြစ်ပါတယ်။ 

သုံးသပ်ချက်

ဖေ့စ်ဘွတ်ပေါ်မှာပျံ့နှံ့ခဲ့ဖူးတဲ့ အတွေးအမြင်ပို့စ်တွေကို လူစိတ်ဝင်စားမှုရရှိအောင်  သတင်းခေါင်းစဉ်တုနဲ့ မျှဝေနေခြင်းဖြစ်ပါတယ်။ တကယ်တော့ တရုတ်ဟာ မြန်မာစစ်တပ်က ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ NLDမပါဝင်တာနဲ့ပတ်သက်ပြီး တစ်စုံတရာထုတ်ဖော်ပြောဆိုချက်မျိုးမရှိပါဘူး။ပြောဆိုချက်-NLDမပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တရုတ်ပြော

Avatar

Title:Fact Check:  NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တရုတ်ပြောတဲ့သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *