
အင်ဒိုနီးရှားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန် လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှားပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။
အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“မအလရှုံးပြီဟေ့ ဝန်ခံလိုက်ပြီ NUG နဲ့အပစ်ရပ်ဖို့ အင်ဒိုနီးရှားမှာဆွေးနွေး မအလ အာဏာပြန်လွှဲဖို့သဘောတူပြီ” (မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်ရှိပါဘူး။ အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ် တုတပ်ပြီး ပြန်လည်ဖြန့်ချိပါတယ်။ ထို့အပြင် ပြည်တွင်း သတင်းလုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ် သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
တကယ်တမ်း ဗွီဒီယိုပါသတင်းတွေဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အာမခံချက်ရှိရေး၊ ပြည်သူ့သဘောထားကို အခြေခံရေး၊ တော်လှန်ရေး အင်အားစုတွေနဲ့ မဟာမိတ်တွေရဲ့ သဘောထား၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအား အပြည့်အဝ ကျင့်သုံးနိုင်မယ့် အာမခံချက်စတဲ့ အခြေအနေတွေမရှိမချင်း အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမှုပြုလုပ်ရန် မရှိကြောင်း NUG ရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ဖတ်ကြား နေခြင်းသာဖြစ်တယ်။ ထုတ်ပြန်ချက်အပြည့် အစုံကို အောက်ပါလင့်ခ်မှာ ကြည့်ပါ။

မူရင်းလင်ခ့် – National Unity Government of Myanmar | Archive link
သုံးသပ်ချက်
မူလသတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ ပြည်သူ့သဘောထား၊ တော်လှန်ရေး အင်အားစုတွေ၊ မဟာမိတ်တွေရဲ့ သဘောထား၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအား အပြည့်အဝ ကျင့်သုံးနိုင်မယ့် အခြေအနေစတာတွေ မပါဘဲ အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမှာမဟုတ်ဘူးဆိုတဲ့ NUG ရဲ့ ထုတ်ပြန်ချက်ကို ခေါင်းစဉ်တုတပ် ထားခြင်းသာဖြစ်တယ်။
ပြောဆိုချက်- အင်ဒိုနီးရှားမှာ NUG နဲ့အပစ်ရပ်စဲရေးဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန်လွှဲဖို့ သဘောတူ

Title:Fact Check: အင်ဒိုနီးရှားမှာ NUG နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန်လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှား
Written By: နေရာမောင်Result: Misleading