Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်၊ အာဏာပြန်လွှဲမယ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နုတ်ထွက်မယ်လို့ ကြေညာလိုက်၊ အာဏာပြန်လွဲလိုက် ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ 

အောက်ပါစခရင်ရှော့ကတော့ “Local celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့  ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။NLD ကို လွှတ်တော်ခေါ်ခွင့်ပေးလိုက်ပြီ၊ ၃၈ နာရီအတွင်း အာဏာပြန်လွှဲမယ်၊ ဒေါ်သက်သက်ခိုင်ကို သမ္မတအဖြစ်ခန့်အပ်ပြီး မင်းအောင်လှိုင် နုတ်တွက်တော့မယ်ဆိုတဲ အလားတူဖြန့်ဝေမှုတွေကို ့ ဒီနေရာနဲ့ ဒီနေရာမှာ ဒီချန်နယ်က ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ 

C:\Users\User\Downloads\၁၁.jpg

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေ(MOI, မြဝတီ)မှာလည်း ဒီလိုဖော်ပြချက်မရှိပါဘူး။ “Local Celegram”အမည်နဲ့ ယူကျူ့ ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီးဖြစ်တဲ့ ရေပန်းစားခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး သတင်းခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ဖြန်ချိသလို တခါတရံမှာ လုံးဝလုပ်ကြံရေးသားချက်တွေကို ဖြန့်ဝေပါတယ်။ 

အခုလည်း စစ်ခေါင်းဆောင်က တပ်ချုပ်အသစ်ခန့်ပြီး ရာထူးက အနားယူတယ်ဆိုပြီး အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘယ်သူကမှ မခန့်ဘဲ သူ့ကိုယ်သူ ယာယီသမ္မတရာထူး ရယူထားမှု၊ မင်းအောင်လှိုင်က ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို နောက်ထပ် ၁၀ နှစ် ရာထူးယူထားလို့ ရတဲ့အကြောင်းစသည်ဖြင့်ဖော်ပြထားတယ်။ စစ်ခေါင်းဆောင် အနားယူမယ့်အကြောင်းမပါဝင်ပါဘူး။ 

တခြားသော NLD ကို လွှတ်တော်ခေါ်ခွင့်ပေးပြီး ၃၈ နာရီအတွင်း အာဏာပြန်လွှဲတော့မယ်ဆိုတဲ့ ဗွီဒီယိုထဲမှာလည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပြီးက သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

C:\Users\User\Downloads\၁၂.jpg

နောက်ထပ်ပြောဆိုချက်ဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၅ မှာ သမ္မတဖြစ်ဖို့ ရေပန်းစားနေတယ်ဆိုတဲ့ သတင်းဟာလည်း အထောက်အထားမဲ့ပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်တပ်က ကြွေးကြော်ထားပေမဲ့ အမှန်တကယ်ရွေးကောက်ပွဲဖြစ်နိုင်ခြေရှိမရှိဟာ သေချာမှုမရှိသေးပါဘူး။ 

သုံးသပ်ချက်

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အနားယူတော့မယ်လို့ ထုတ်ဖော်ကြေညာချက်မရှိသလို အာဏာပြန်လွှဲမယ်ဆိုတာလည်း မဟုတ်ပါဘူး။ “Local Celegram”အမည်နဲ့ ယူကျူ့ ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိလေ့ရှိတဲ့နေရာတခုသာဖြစ်တယ်။

Avatar

Title:Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်၊ အာဏာပြန်လွှဲမယ်ဆိုတဲ့ သတင်းတု

Written By: Zun Zee  

Result: False