Fact Check: စစ်ခေါင်းဆောင်သား အသတ်ခံရတဲ့ သတင်းခေါင်းစဉ်တု

False နိုင်ငံရေး | Politics

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သားဖြစ်သူ အောင်ပြည့်စုံ အောက်တိုဘာ ၂၈ ရက်မှာ အသတ်ခံလိုက်ရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ 

၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “မအလ အချစ်ဆုံးသား ယနေ့(၂၈)နေ့မှာ အသတ်ခံလိုက်ရပြီ

သူ့သားအလောင်းကို နေ ပြည်တော် ပြန်ပို့ပီ “စသည်ဖြင့် ဗွီဒီယိုပို့စ်မှာ ရေးသားထားပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ 

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

“Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေတဲ့ ယူကျူ့ချန်နယ် တွေဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုထဲမှာ စစ်ခေါင်းဆောင်သား အသတ်ခံရပြီး အလောင်းကို နေပြည်တော်သယ်လာပြီး စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌‌ေဖာ်ပြခဲ့တဲ့ “ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန် ကြိုးစားနေရာတွင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက မျက်နှာစာတန်း မြေဧက ၅၀ ရယူမည်ဟုဆို”ဆိုတဲ့သတင်းကို ခေါင်းစဉ်လွဲတပ်ထား ခြင်းဖြစ်တယ်။ 

၆ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုမှာ နောက်ထပ်သတင်းတွေဟာလည်း ‌”အညာဒေသတွင် အခြေချကာ စစ်ဆင်ရေးများဖော်ဆောင်တော့မည်ဟု BPLA တာဝန်ခံ မောင်ဆောင်းခ ပြော”၊”ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို “ စတဲ့ သတင်းတွေသာပါတယ်။

သုံးသပ်ချက်

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားအောက်တိုဘာ ၂၈ ရက်မှာ အသတ်ခံလိုက်ရတယ်လို့ ဆိုထားတာ သတင်းတုတခုသာဖြစ်တယ်။ တကယ်တမ်းမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ ပြင်ဦးလွင်မှာ စစ်တပ်က မြေဧက ၂၀၀ ကျော်သိမ်းဆည်းဖို့ လုပ်နေပြီး အဲဒီထဲက လမ်းမတန်နေရာ ဧက ၅၀ ကို စစ်ခေါင်းဆောင်သားဖြစ်သူ အောင်ပြည့်စုံက ရယူမယ့် သတင်းကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိနေခြင်းဖြစ်တယ်။ 

ပြောဆိုချက်- စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား အသတ်ခံရ

Avatar

Title:Fact Check: စစ်ခေါင်းဆောင်သား အသတ်ခံရတဲ့ သတင်းခေါင်းစဉ်တု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *