Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။

“လွတ်ငြိမ်းဟေ့ အမှုတွေ ရုတ်သိမ်းပြီ

လူထုခေါင်းဆောင် ဆိုတာဒါပဲ့ ပြည်သူတွေ ပြည့်နေပြီ

နိုင်ငံရေး အကျဉ်းသားအားလုံး အိမ်ပြန်နေကြပြီ

အထူးသတင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါလာပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာပြီလို့ ဆိုထားပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ တကယ်တမ်း  ဒီသတင်း ခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာဟာ ပုဒ်မ ၅၅၀ (က)နဲ့ ဖမ်းဆီးခံရသူတွေကို ပြန်လည်လွှတ်ပေးပြီး အမှုဖွင့်ထားသူတွေကို အမှုရုပ်သိမ်းကြောင်း ကြေညာတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီးမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားအများအပြားကို ဖမ်းဆီးထောင်ချရာမှာ အသုံးပြုခဲ့တဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားသူတွေကို အမှုရုပ်သိမ်းကြောင်းနဲ့ ထောင်ကျနေသူ တွေကို ပြန်လွှတ်ပေးတယ်လို့ စစ်တပ်က နိုဝင်ဘာ ၂၆ ရက်မှာ ကြေညာပါတယ်။

သုံးသပ်ချက်

 “Mandalay KhitThit”ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း ခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည် ဖြန့်ချိလေ့ရှိတယ်။ ပုဒ်မ ၅၀၅(က)နဲ့ အဖမ်းခံရသူတွေ ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒီအထဲမှာ ဒေါ်‌အောင်ဆန်းစုကြည် ပါဝင်ခြင်းမရှိပါဘူး။ 

ပြောဆိုချက်- ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်တပ်က ပြန်လွှတ်ပေး

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *