
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ချက်ချင်း လက်နက်ချဖို့ပြောထားတယ်ဆိုတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုရှိခဲ့ပါတယ်။
“အမေစုကိုယ်တိုင်PDFတွေကိုလက်နက်ချခိုင်းပြီ။မကောင်းတဲ့လမ်းကိုမရွေးနဲ့ (ရုပ်_သံ)”လို့ရေးသားပြီး “News In Burmese”အမည်နဲ့ You tube channel က အောက်ပါအတိုင်းမျှဝေထား ပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာလည်း ၉ ရက် အမေစုဒဲ့ပြောပြီ PDFတွေချက်ချင်းလက်နက်ချပါ၊ ”လို့လည်း ရေးသားထားပါတယ်

မူရင်းလင်ခ့် – youtube link | Archive link
အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၄မိနစ်ကျော်ရှိတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ “ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) တွေကို ချက်ချင်း လက်နက်ချခိုင်း”တယ်ဆိုတဲ့ အကြောင်းအရာမပါဝင်ပါဘူး။
အမှန်တကယ်တော့ ဒီဇင်ဘာ ၈ ရက်နေ့က ဧရာဝတီမြန်မာပိုင်း သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ဆန့်ကျင်ရေးသမား လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး”လို့ဆိုတဲ့ သတင်းတစ်ပုဒ်ကို အစအဆုံး ပြန်လည်ဖတ်ကြားနေတာဖြစ်ပါတယ်။
ဧရာဝတီ မြန်မာပိုင်း သတင်းဌာနက ရေးသားဖော်ပြခဲ့တဲ့သတင်းကို အောက်မှာကြည့်ပါ။

မူရင်းလင့်ခ်- Irrawaddy Burmese ၊ Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေကို လက်နက်ချခိုင်းတယ်ဆိုတာ မဟုတ်ပါဘူး။ သတင်းခေါင်းစဉ်တု ပြုလုပ်ပြီး လူအများစိတ်ဝင်စားမှုရရှိအောင် တင်ပြထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်က PDFတွေကို လက်နက်ချခိုင်းတယ်ဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: Zun ZeeResult: False