Fact Check: ဒေါ်အောင်ဆန်းစုကြည် စစ်တပ်သတ်လို့ ကွယ်လွန်တဲ့သတင်းတု

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်လို့ ကွယ်လွန်သွားပြီလို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြစ်ပါတယ်။

ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”လို့ ရေးသားပြီး “Tsx mar07” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

“မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒေါ်အောင်းဆန်းစုကြည် လုပ်ကြံ သတ်ဖြတ်ခံရတယ်ဆိုတဲ့အကြောင်းအရာမပါဝင်ဘူး။ ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဟာ တကယ်တော့ Frontier Myanmar သတင်းဌာနကဖော်ပြခဲ့တဲ့ စစ်အုပ်စုရဲ့ အကျည်းထောင်ကနေ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာတဲ့ စီးပွားရေးပညာရှင် ရှောင်တာနယ်(Sean Turnell)နဲ့ တွေ့ဆုံမေးမြန်းမှုပါ အကြောင်းအရာကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်းမှု အပါအဝင် စီးပွားရေးပြဿနာတွေ၊ ဖမ်းဆီးခံထားရစဉ် နိုင်ငံတော်လျှို့ ဝှက်ဉပဒေနဲ့ တရားစွဲဆိုစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ ၅ နှစ်လောက်ပဲ ဒီမိုကရေစီကို ခံစားခဲ့ရပေမဲ့ လူထုရဲ့ နိုးကြားတက်ကြွမှုကို ဂုဏ်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ရှောင်တာနယ်က ပြန်လည်ပြောကြားခဲ့တာတွေ့ရပါတယ်။ အခု ဗွီဒီယိုမှာဖတ်ကြားနေတာ ကတော့ ဒီအမေးအဖြေကဏ္ဏကို မြန်မာလိုပြန်ဆိုထားတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။

အောက်ပါ screenshot ကတော့ Frontier Myanmar ကဖော်ပြခဲ့တဲ့ ရှောင်တာနယ်နဲ့ အမေးအဖြေအစိတ် အပိုင်းဖြစ်ပါ တယ်။ အင်္ဂလိပ်ဘာသာနဲ့ဖော်ပြထားတဲ့ အင်တာဗျူးကို အောက်ပါလင့်ခ်မှာ အပြည့်အစုံဖတ်ရှူ့ နိုင်ပါတယ်။ 

မူရင်းလင်ခ့် – Frontier MyanmarArchive link  

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်လို့ ကွယ်လွန်သွားပြီဆိုပြီးသတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အမှန်တကယ်ဗွီဒီယိုပါအကြောင်းအရာ လူမှုကွန်ယက်မှာ ဘာသာပြန်ဖော်ပြခဲ့တဲ့ ရှောင်တာနယ်နဲ့ အင်တာဗျူးသာဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် စစ်တပ်သတ်လို့ ကွယ်လွန်တဲ့သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *