Fact Check: ဒေါ်အောင်ဆန်းစုကြည် အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတဲ့ သတင်းတု

နိုင်ငံရေး၊

ဒေါ်အောင်ဆန်းစုကြည် အာမခံနဲ့ ပြန်လည် လွတ်မြောက်လာပြီဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ ရန်ကုန်က သူမနေအိမ်ရှေ့မှာ ပြည်သူ သိန်းချီကြိုဆိုနေကြတယ်လို့လည်း ဗွီဒီယိုမှာဆိုထားတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၀ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒသမ ၄ သိန်းကျော်ရှိထားတယ်။

 “အမှုအားလုံးရုတ်သိမ်းပြီးအာမခံချက်နဲ့ 

ဒေါ်စုကိုလွှတ်ပေးလိုက်ပြီ 

ရန်ကုန်နေအိမ်ရှေ့ပြည်သူ သိန်းချီကြိုဆိုနေကြပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲ့ကားရေး သားထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ရှိတဲ့ ချန်နယ်ဖြစ်တာတွေ့ရတယ်။

ဗွီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အာမခံနဲ့ လွှတ်ပေးလိုက်ပြီး၊ ဒီလိုလွတ်လာတာတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူတွေက ရန်ကုန်က သူမအိမ်‌ရှေ့မှာ ကြိုဆိုနေကြပြီလို့ ဆိုထားပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။

ဒီအပြင် ဗွီဒီယိုပါသတင်းဟာ “ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံဆွဲသူမရှိ”ဆိုတဲ့ သတင်းကို ဖော်ပြနေ ခြင်းသာဖြစ်တယ်။ မူလသတင်းဖော်ပြချက်တွေမှာရော အခုခေါင်းစဉ်လွဲတပ်ထားတဲ့ ဗွီဒီယိုတခုလုံးမှာ အာမခံနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အကြောင်းမပါဝင်ပါဘူး။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ် အိမ်ခြံအမှတ် ၅၄ ကို မတ်လ ၂၀ ရက်က ကမာရွတ်ခရိုင်တရားရုံးက လေလံတင် ရောင်းချရာ ဝယ်ယူမည့်သူမရှိလို့ လေလံပွဲဆိုင်းငံ့လိုက်ကြောင်း တရားရုံးအရာရှိများက ကြေညာခဲ့ရပြီး သူမ နေအိမ်ရှေ့မှာလုပ်တဲ့ ဒီလေလံပွဲကို သတင်းထောက်တချို့နဲ့ တရားရေးအရာရှိတွေ၊ လုံခြုံရေးအဖွဲ့တွေသာ တက်ရောက်ခဲ့တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့ကတော့ မြန်မာနောင်းက ဒီလေလံသတင်းဖော်ပြချက် စခရင်ရှော့ ဓာတ်ပုံဖြစ်တယ်။

သုံးသပ်ချက်

 ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံဆွဲသူမရှိဆိုတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ရေးသားဖြန့် ဝေနေခြင်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အာမခံနဲ့ လွှတ်ပေးလိုက်ပြီဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *