Fact Check:  ‌ဖေ့စ်ဘွတ်နာမည်ကြီး ဖြူဖြူထွေး အသတ်ခံရတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

စစ်တပ်ကိုထောက်ခံတဲ့ ‌ဖေ့စ်ဘွတ်နာမည်ကြီး ဖြူဖြူထွေး အသတ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို Local Celegram အမည်နဲ့ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။ 

ဒီဇင်ဘာ ၂၄ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ 

“စစ်တပ်ထောက်ခံ အကြီးစားဘောမ

ဆယ်လီ”ဖြူဖြူထွေး” အသတ်ခံရပြီ

စိတ်ခိုင်ခိုင်ထားပြီးမှနားထောင်ကြပါ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒါပေမဲ့ “Local Celegram”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ 

ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ စစ်တပ်ထောက်ခံတဲ့ ဖြူဖြူထွေး အသတ်ခံရပြီလို့ ဆိုထားတဲ့ ဒီဗွီဒီယိုထဲမှာ တကယမ်းဖော်ပြနေတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇာတ်လမ်းကို သရုပ် ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ၊ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင်”ဆိုတဲ့ သတင်းတပုဒ်ကို ပြန်လည်မျှဝေနေခြင်း သာဖြစ်တယ်။ 

ဖြူဖြူထွေးဟာ စစ်တပ်က အာဏာသိမ်းအပြီးမှာ ဖေ့စ်ဘွတ်က ဝေဖန်သူတွေကို အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ မှတ်ချက်တချို့ပြောဆိုဖူးပြီး သာမန်အခြေအနေလိုမျိုး ကခုန်နေတဲ့ ဖေ့စ်ဘွတ်က သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကြောင့် သူကို အားမပေးဘဲ သပိတ်မှောက်ဖို့ ဆော်ဩခံထားရတယ်။

ဒီလို အငြင်းပွားဖွယ် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဖြူဖြူထွေးက ဒီဇင်ဘာ ၂၅ ရက်မှာ ပြန်လည်တောင်းပန်ခဲ့တာ တွေ့ရပါတယ်။

သုံးသပ်ချက်

“Local Celegram”ဟာ လုပ်ကြံသတင်းမှားတွေ ဒါမှမဟုတ် မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိပါတယ်။ စစ်တပ်ကိုထောက်ခံတဲ့ ‌ဖေ့စ်ဘွတ်နာမည်ကြီး ဖြူဖြူထွေး အသတ်ခံရတယ် ဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- စစ်တပ်ကိုထောက်ခံတဲ့ ‌ဖေ့စ်ဘွတ်နာမည်ကြီး ဖြူဖြူထွေး အသတ်ခံရတယ်

Avatar

Title:Fact Check: ‌ဖေ့စ်ဘွတ်နာမည်ကြီး ဖြူဖြူထွေး အသတ်ခံရတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *