
ငွေလွှဲရာမှာ မှတ်ချက်မပါသော အွန်လိုင်းငွေလွှဲပြောင်းမှုတွေကို ကမ္ဘောဇဘဏ်(KBZ)က ပိတ်ပင်တော့မယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဘဏ်တစ်ခုဖြစ်ပြီး KBZ Pay ဟာလည်း စမတ် ဖုန်းကတစ်ဆင့် ငွေပေးချေးမှုများအတွက် နာမည်ကြီးပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တစ်ခုကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
Kbz pay အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မေ ၂၇ ရက်ကစပြီး ဒီအကြောင်းအရာကို ဆက်တိုက်ဆိုသလို ရေးသားမျှဝေနေတာတွေ့ရပါတယ်။
မေ ၂၇ ရက် ညနေ ၆ နာရီမှာ ယနေ့ညနေကစပီး “kbzpay ( Note update ) မလုပ်တဲ့အကောက်တွေ အကုန်နီးပါးပိတ်ပါပီ ယခုလိုပိတ်က ငွေဆုံးရှုံးပါမည် ( Note update) လုပ်ဖို့ကြော်ငြာထားတာမို့ ယခုလိုဆုံးရှုံးက (call center) မှဖြေရှငိးဆောင်ရွက်ပေးမညိမဟုပ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်”စသည်ဖြင့်ရေး သားဖြန့်ဝေခဲ့ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ အခုလို ငွေလွှဲရာမှာ မှတ်ချက်(Notes)မပါသော အွန်လိုင်းငွေလွဲပြောင်းမှုတွေကို ပိတ်ပင်မှာ ဖြစ်တယ်ဆိုတာ အထက်မှာဖော်ပြထားတဲ့ KBZ Pay အယောင်ဆောင်ထားတဲ့ စာမျက်နှာက စတင်ခဲ့ ခြင်းဖြစ်တာတွေ့ရပါတယ်။ KBZ Pay ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို ဒီမှာကြည့်ပါ။
ငွေလွှဲရာတွင် မှတ်ချက်မပါတဲ့ အွန်လိုင်းငွေလွဲပြောင်းမှုတွေကို ပိတ်ပင်တော့မယ်ဆိုပြီး ဟုတ်၊မဟုတ် ဖေ့စ်ဘွတ်အသုံးပြုသူတွေက KBZ Bank နဲ့ KBZ Pay ဖေ့စ်ဘွတ်စာမျက်နှာတွေက တဆင့် စုံစမ်းမေးမြန်းမှု တွေလုပ်ကြတာမှာ ဘဏ်ဘက်က အောက်ပါအတိုင်း ဖြေရှင်းထား တာတွေ့ရပါတယ်။ ငွေလွှဲရာမှာ “Notes”ထဲမှာ တစ်ခုခုရေးသားခြင်းအားဖြင့် မိမိရဲ့ ငွေလွှဲပြုလုပ်ရသည့်အကြောင်းအရင်းကို အလွယ်တကူမှတ်မိစေရန်သာဖြစ်ကြောင်း ဘဏ်ဘက်က တုန့်ပြန်ထားတာတွေ့ရပါတယ်။

ထို့အပြင် အခုလို ပိတ်သိမ်းတာဟာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကညွှန်ကြားထားတယ်လို့လည်း အချို့ကရေးသားပါတယ်။ ဒီလို ညွှန်ကြားချက်မျိုး စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်တာမျိုးမတွေ့ရသလို နောက်ထပ် အခြားသော ဘဏ်တွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်း အရင်းအမြစ်က ဖော်ပြတာမျိုးမတွေ့ရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ငွေလွှဲရာမှာ မှတ်ချက်မပါတဲ့ အွန်လိုင်းငွေလွှဲတွေကို ကမ္ဘောဇဘဏ်(KBZ)က ပိတ်ပင်မယ်ဆိုတာ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ ငွေလွှဲရာမှာ မှတ်ချက်ရေးတယ်ဆိုတာ မဖြစ်မနေလုပ်ရတာမျိုးမဟုတ်တာလည်း တွေ့ရပါတယ်။ပြောဆိုချက်- ငွေလွှဲရာမှာ မှတ်ချက်မပါသော အွန်လိုင်းငွေလွဲပြောင်းမှုတွေကို KBZ ကအကောင့် ပိတ်ပင်မယ်

Title:Fact Check: မှတ်ချက်မပါသော ငွေလွှဲများအတွက် KPay အကောင့် ပိတ်ခံရမယ်ဆိုတဲ့ သတင်းမှား
Written By: နေရာမောင်Result: False