Fact Check: လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးခဲ့တဲ့ သတင်းတု

False နိုင်ငံရေး | Politics

လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးသွားတယ်လို့ဆိုတဲ့ သတင်းတုပို့စ်တွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ကျောက်မဲဆရာတော်‌ မအလ ဖမ်းဆီးလိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က 

အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

နောက်ထပ်ပြောဆိုချက်ကတော့ ကျောက်မဲဆရာတော် ရုတ်တရက်သေဆုံးမှုဆိုပြီးတော့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်က ဒီကနေ့ ထပ်မံ ဖြန့်ဝေလာတာဖြစ်တယ်။ ဒီနေရာမှာ ကြည့်ပါ။ 

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာသတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဖြစ်တဲ့ “Shared Local Media”နဲ့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်တွေဟာ  သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်၊ခေါင်းစဉ်လွဲတွေတပ်ပြီး ပြန်လည်ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ (Fact Crescendo Myanmar ကအချက်အလက်စိစစ်ခဲ့တာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။)

အခုလည်း ဒီသတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေပါအကြောင်းအရာတွေ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တွေအကြား တိုက်ပွဲသတင်းနဲ့ မြန်မာနောင်း သတင်းဌာနကဖော်ပြခဲ့တဲ့ မာရဝိဇယ ဘုရားပွဲအပြီး သာသနာရေး ဝန်ကြီး ချက်ချင်းအဖြုတ်ခံရတဲ့ သတင်းတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ 

https://www.facebook.com/myanmarnownews/posts/662481382581277

ထို့အပြင် မြန်မာနောင်းသတင်းဌာနက စစ်ခေါင်းဆောင်ရဲ့ ဒီဘုရား အနေကဇာတင်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)အဖွဲ့ဝင်ဆရာတော်တပါးရဲ့ မှတ်ချက်ကိုလည်း ယနေ့သတင်းဖော်ပြခဲ့ပေမဲ့ ဒီလို အဖမ်းဆီးခံရတဲ့အကြောင်းလည်းမပါပါဘူး။ လက်သုံးချောင်းထောင်ပြီး တိုတိုနဲ့လိုရင်း အကျဉ်းချုပ်ပြီး ရေစက်ချတရားဟောခဲ့တဲ့ ကျောက်မဲဆရာတော်ရဲ့ တရားနဲ့ ပတ်သတ်ပြီး ဘီဘီစီမြန်မာပိုင်းကလည်း ယနေ့ ဆောင်းပါးတပုဒ်ဖော်ပြခဲ့ပါသေးတယ်။ ဒီဆောင်းပါးမှာလည်း ဆရာတော်ရဲ့ ကျန်းမာရေးနဲ့ ဖမ်းဆီးခံရမှုအကြောင်းမပါပါဘူး။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

နွေဦးတော်လှန်ရေးရဲ့ သင်္ကေတအဖြစ် တင်စားကြတဲ့ လက်သုံးချောင်းထောင်ပြီး တိုတိုနဲ့လိုရင်း အကျဉ်း ချုပ်ပြီး ရေစက်ချတရားဟောခဲ့တဲ့ ကျောက်မဲ ဆရာတော်ရဲ့ တရားဟာ လူမှုကွန်ယက် အသုံးပြုသူ တွေ အကြားမှာ ပျံ့နှံ့မှုအားကောင်းလာပြီးနောက် နိုင်ငံရေးအမြင်မတူသူတွေအပေါ် စပ်စပ်ထိ မခံဖြစ်လေ့ ရှိတတ်တဲ့ စစ်ကောင်စီက ကျောက်မဲဆရာတော်ကို ဖမ်းလေမလားဆိုတဲ့ စိုးရိမ်မကင်း စိတ်တွေရှိနေကြ ပါတယ်။ ဒီလို နေချိန်မှာ သတင်းခေါင်းစဉ် တုတပ်ဖြန့်ချိ‌လေ့ရှိတဲ့ ယူကျူ့ချန်နယ်တွေက အခုလို အချိန်ကိုက် သတင်းတု ဖြန့်ချိလာတာဖြစ်တယ်။

ပြောဆိုချက်- လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံး

Avatar

Title:Fact Check: လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးခဲ့တဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *