Fact Check: ရွေး‌ကောက်ပွဲလက်မခံလို့ ဦးသိန်းစိန်ကို စစ်တပ်က ဖမ်းတယ်ဆိုတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးပြောလို့ သမ္မတဟောင်းဦးသိန်းစိန်ကို  စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအား‌ကောင်းလျက်ရှိတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“ဦးသိန်းစိန် ဖမ်းခံရမှုကြီး 

ကုလသမဂ္ဂ အသိအမှတ်မပြုပဲ နဲ့ ရွေးကောက်ပွဲ 

မလုပ်သင့်ပြောတဲ့ ဦးသိန်းစိန်ကို မအလ ဝင်ဖမ်းပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံပြောဆိုချက်တွေနဲ့ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ အသံဖိုင်နဲ့ ဖတ်ကြားနေရာမှာ ဦးသိန်းစိန်က ကုလသမဂ္ဂက အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲ မကျင်းပသင့်ဘူးလို့ ပြောလို့ စစ်တပ်က ဖမ်းဆီလိုက်တယ်ဆိုထားပေမဲ့    ဦးသိန်းစိန်က ဒီလို ရွေးကောက်ပွဲအပေါ်ဝေဖန်တာဖြစ်စေ အခုလို ဦးသိန်းစိန်ကို စစ်တပ်က ဖမ်းဆီးတယ်ဆိုတာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ 

ဒီအပြင် ဗွီဒီယိုထဲပါ ရုပ်ကတ်ဓာတ်ပုံတချို့ဟာ ဉာဏ်ရည်တု(A))နည်းပညာအသုံးပြု ဝက်ဘ်ဆိုဒ်တွေက ဖန်တီးထားတဲ့ ဓာတ်ပုံတွေ အသုံးပြထားတာတွေ့ရတယ်။ 

သုံးသပ်ချက်

ဗွီဒီယိုကို လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့ “The Daily Lens” ဖြန့်ဝေထားခြင်းဖြစ်တယ်။ သမ္မတဟောင်း ဦးသိန်းစိန်က  စစ်တပ်က ကျင်းပမယ့်  ရွေးကောက်ပွဲကို ဝေဖန်တဲ့အထောက်အထားမရှိသလို စစ်တပ်က သူ့ကို ဖမ်းတယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရပါဘူး။ “

ပြောဆိုချက်- ရွေး‌ကောက်ပွဲလက်မခံလို့ ဦးသိန်းစိန်ကို စစ်တပ်က ဖမ်းတယ်

Avatar

Title:Fact Check: ရွေး‌ကောက်ပွဲလက်မခံလို့ ဦးသိန်းစိန်ကို စစ်တပ်က ဖမ်းတယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *