
စစ်ကောင်စီ SU 30 တိုက်လေယာဉ် ၅ စီးပစ်ချခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုဖြစ်ဝေနေခြင်းဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်အစမှာပြသတဲ့ ရုပ်ကတ်ပါ စာသား ကောက်နုတ်ချက်ဖြစ်တယ်။
“တိုက်လေယာဉ် ၅စီး ပစ်ချ
ပြည်သူနဲ့စစ်ရှောင်စခန်းတွေကိုဗုံးကျဲနေတဲ့
စစ်ကောင်စီလေယာဉ် SU 30 ၅စီး ယနေ့ပစ်ချ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖော်ပြထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ ဒီရက်ပိုင်းထဲမှာ သတင်းမီဒီယာတွေက စစ်ကောင်စီ တိုက်လေယာဉ်တွေ ပစ်ချခံရတဲ့အကြောင်း ဖော်ပြချက်မတွေ့ရပါဘူး။
Also read – Fact Check: စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး မိသားစုလိုက်ပါလာတဲ့လေယာဉ် ပစ်ချခံရတဲ့ သတင်းတု
တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ သတင်းအကြောင်းအရာတွေမှာလည်း ဒီအကြောင်းမပါဝင်ဘဲ “ပေါင်းတည်တွင် တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အုပ်ချုပ်ရေးမှူးနေရာ အစားထိုး ဝင်သည့် အုပ်ချုပ်ရေးအသစ် တင်ဦးလည်း ပစ်ခတ်ခံရ၍ သေဆုံးပြန်”၊ “ထိုင်း -မြန်မာနယ်စပ်ရှိ နှစ်ပေါင်း ၄၀ ကျော်ကြာ သက်တမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်း တစ်ခုကို စစ်တပ်က စွန့်ခွာထွက်ပြေးသွားသဖြင့် တော်လှန်ရေးတပ်များက လိုက်လံ တိုက်ခိုက်နေပြီး စခန်းကို အပြီးသတ်သိမ်းယူ”နဲ့ “နိုင်ငံ ပျောက်သွားနိုင်သည့် အန္တရာယ်ကြီးမားလာ၍ PDF နှင့် တိုင်းရင်းသား လက်နက်စွန့်၍ နိုင်ငံ ရေးပြဿနာ ဖြေရှင်းရန် ဖိတ်ခေါ်ဟု အကြမ်းဖက် ဇော်မင်းထွန်း ဆိုပြန်”စတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းတွေကို ပြန်လည်ဖော်ပြ ထားတယ်။
သုံးသပ်ချက်စစ်ကောင်စီ SU 30 တိုက်လေယာဉ် ၅ စီးပစ်ချခံရတယ်ဆိုတာ တကယ်တမ်းမှာ မဟုတ်ဘဲ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဖော်ပြခဲ့တဲ့ ပေါင်းတည်မှာ အုပ်ချုပ်ရေးမှူး အသတ်ခံရမှု၊ ထိုင်း-မြန်မာနယ်စပ်က အရေးပါးတဲ့ တပ်စခန်းကို စစ်ကောင်စီ စွန့်ခွာမှု၊ PDF နှင့် တိုင်းရင်းသား လက်နက်စွန့်၍ နိုင်ငံ ရေးပြဿနာ ဖြေရှင်းရန် စစ်တပ်က တောင်းဆိုမှုတွေကို ခေါင်းစဉ်လွဲတပ်ပြီး ဗွီဒီယို ဖြန့်ချိထားတယ်။

Title:Fact Check: စစ်ကောင်စီလေယာဉ် SU 30 ၅ စီး ပစ်ချခံတဲ့ သတင်းတု
Written By: နေရာမောင်Result: False