Fact Check: ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ NUG လေယာဉ်၅ စင်းရရှိဆိုတဲ့ သတင်းတု
ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ လေယာဉ်၅ စင်း NUG ရရှိပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ တော်လှန်ရေးအတွက် ဗြိတိန်နိုင်ငံက လေယာဉ် ၅ စီး ထောက်ပံ့ပေးလိုက်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက တရားဝင်ချပြလိုက်တာလို့လည်း ဆိုထားပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “စစ်တပ်ကိုတန်ပြန်ဖို့ NUG လေယာဉ်(၅)စင်းရရှိ ဗြိတိန် ဘုရင်ရဲ့ အကူညီနဲ့ လေယာဉ် ရရှိပြီလို့ Dr.Sa Sa ကြေညာ လိုက်ပြီ ၊ စစ်အုပ်စု မျက်ဖြူဆိုက်နေပြီ” Original link | Archive link […]
Continue Reading
