
NUG ကိုစစ်ရေးကူညီဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့(NATO)လက်မှတ်ထိုးလိုက်ပြီလို့ရေးသားထား တဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဉရောပပါလီမန်က စစ်တပ်ကို ပိုမိုအရေးယူဖို့ဆုံးဖြတ်ချက်အကြောင်းသာဖြစ်ပြီး နေတိုးစစ်စာချုပ်အဖွဲ့နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။
“NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီ”လို့ ရေးသားပြီး “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
“Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့သတင်းဌာနတွေမှာဖော်ပြပြီး အကြောင်းအရာတွေကို ဗွီဒီယိုပုံစံပြောင်းပြီး ပြန်လည်ကူးယူးဖော်ပြနေတဲ့ စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။ ဒီလိုမျှဝေရာမှာ အကြောင်းအရာဟာ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့အတွက် ခေါင်းစဉ်အတုခေါင်းစဉ်အမှားတွေပေးပြီး ဗွီဒီယိုကိုဖြန့်ချိပါတယ်။ ၄ မိနစ်ကျော် ရှည်လျားတဲ့ အခုဗွီဒီယိုဖိုင်ကိုဖြန့်ဝေရာမှာ “NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုး လိုက်ပြီ”လို့ ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ “မြန်မာ့အရေး ဥရောပပါလီမန်ဆုံးဖြတ်ချက်ကို NUGနှင့် CRPH ထောက်ခံကြိုဆို၊ မြန်မာစစ်တပ်အား ထိရောက်စွာအရေးယူရန် တိုက်တွန်း”ဆိုတဲ့ အောက်တိုဘာ ၁၀ ရက် DVB Burmese သတင်းဌာနကဖော်ပြထားတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေတာတွေ့ရပါတယ်။

မြန်မာအရေးနဲ့ပတ်သက်ပြီး ဥရောပပါလီမန်ဆုံးဖြတ်ချက်အပေါ်သုံးသပ်ချက်ကိုလည်း VOA Burmese ရဲ့ ဒီသတင်းမှာလည်း တွေ့နိုင်ပါတယ်။
သုံးသပ်ချက်
NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီဆိုတာ အထောက်အထားမရှိပါဘူး။ အောက်တိုဘာ ၉ ရက်က မြန်မာ့အရေး ဥရောပပါလီမန်ဆုံးဖြတ်ချက်ကို NUGနှင့် CRPH ထောက်ခံကြိုဆိုပြီး မြန်မာစစ်တပ်အား ထိရောက်စွာအရေးယူရန် တိုက်တွန်းထားတဲ့ သတင်းကို ဗွီဒီယိုပုံစံဖတ်ကြားတင်ပြထား တာဖြစ်ပေမဲ့ ခေါင်းစဉ်အတုကြောင့် နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။

Title:Fact Check: NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: Misleading