ရိုဟင်ဂျာတွေကိစ္စ ရက္ခိုင်တပ်တော်(AA)ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ရှုတ်ချမှုလို့ဆိုပြီး ထုတ်ပြန်ချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြစ်တာတွေ့ရပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ NUG ထုတ်ပြန်ချက်လို့ဆိုထားတဲ့ ထုတ်ပြန်စာထဲမှာ NUG လူ့အခွင့်အရေးဌာနက AA ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သူ၊ အဓမ္မစစ်သားစု‌ဆောင်သူ၊ ရိုဟင်ဂျာတွေကို အဓမ္မပြောင်းရွှေ့ခိုင်းသူ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပိတ်ပင်သူအဖြစ်ရေးသားထားပြီး ဒီအတွက် ရှုတ်ချထားကာ၊ AA ကိုအရေးယူနိုင်ဖို့ နိုင်ငံတကာကိုလည်း တိုက်တွန်းထားတယ်။

“ဘင်ကို ထိရင်တော့ NLD ဖြစ်ဖြစ်၊ NUG ဖြစ်ဖြစ် ဘယ်သူမှ သည်းငြီးမခံဘူးဆိုတာ AA သူပုန် သိသင့်တယ်။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီထုတ်ပြန်ချက်ဟာ အတုဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတူးခေါင်းက မေ ၂၄ ရက်ကတည်းက ရှင်းလင်းထားတယ်။

“MOHR က ထုတ်ပြန်ခြင်းမရှိခဲ့တဲ့ statement ကိုဒီလို ရုံးစာ / စာအမှတ် အစဉ်လိုက်ပါတပ်ပြီးလိုက်မန့်နေတာရှိပါတယ် လို့သိရပါတယ်။ comment ကိုတော့ဖျက်ထားပါပြီတဲ့၊ သိရှိအောင် တင်ပြတာပါ။”

မူရင်းလင်ခ့် – Dr. Tu Hkawng | Archive link

ထုတ်ပြန်ချက်ဟာ အတုဖြစ်ကြောင်းနဲ့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း လည်း အဲဒီဝန်ကြီးဌာနကလည်း ထပ်မံရှင်းလင်းထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။

“လူမှုကွန်ရက်ပေါ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်စာ (အတု)

ပြန့်နှံ့လျက်ရှိကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။”

မူရင်းလင်ခ့် – Ministry of Human Rights | Archive link

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနအမှတ်တံဆိပ်အသုံးပြုပြီး လိုအပ်သလို ရေးသား ဖြန့်ဝေထားတဲ့ ထုတ်ပြန်ချက်အတုဖြစ်တာတွေ့ရပါတယ်။ ရိုဟင်ဂျာကိစ္စ AA ကို လူ့အခွင့်အရေးဝန်ကြီးဌာနက ရှုတ်ချထုတ်ပြန်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: ရိုဟင်ဂျာတွေကိစ္စ AA ကို NUG ကရှုတ်ချမှုလုပ်ခဲ့သလား-မဟုတ်ပါ

Written By: နေရာမောင်

Result: False