Fact Check: NUG လူ/ကယ်ပြန်ဝန်ကြီး တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်ဆိုတဲ့သတင်းမှား

Misleading နိုင်ငံရေး | Politics

တပ်မ ၉၉ တံဆိပ်ပါရှိတဲ့ စစ်သားတစ်ယောက် ဒေါက်တာဝင်းမြတ်အေးနဲ့ ရယ်မောစကားပြောကာ လက်ဆွဲ နှုတ်ဆက်နေတဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေး လက်နက်ချ အလင်းဝင်ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံနှံ့ခဲ့ပါတယ်။

တကယ်တော့ ဒီဓာတ်ပုံဟာ NLD အစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီး တာဝန်ယူခဲ့စဥ်က ဖြစ်ပြီး ၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ် တပ်မ ၉၉ က စစ်သားတွေ အရာရှိတွေနဲ့ တွေ့ဆုံ နှုတ်ဆက် စကားပြောနေတဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။

“လက်နက်ချ အလင်းဝင်ရောက်လာသည့်

  NLD ဝန်ကြီးဟောင်း အား 

ရှေ့တန်းတပ်မ ၉၉ နည်းဗျူဟာမှူးမှ

လှိုက်လှဲစွာ ကြိုဆို”လို့  ရေးသားပြီး “ဇော် မင်း လွင်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

အလားတူ တူညီတဲ့ရေးသားမျှဝေမှုတွေကိုလည်း ဒီနေရာဒီနေရာ၊ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဒေါက်တာဝင်းမြတ်အေးက တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်ဆိုတဲ့ ဒီဓာတ်ပုံဟာ ဒေါက်တာဝင်းမြတ်အေးရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ကို သွားရောက်စဉ်က ဖြစ်တာတွေ့ရပါတယ်။ 

NLD အစိုးရလက်ထက်မှာ လူကယ်ပြန် ဝန်ကြီး တာဝန်ယူခဲ့စဉ်က ဖြစ်ပြီး ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ်က ဓာတ်ပုံဖြစ်ပါတယ်။ 

လက်ရှိချိန်မှာ  ‌‌ဒေါက်တာဝင်းမြတ်အေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွှတ်ရေး အစိုးရလက်အောက်ရှိ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေပါတယ်။ 

သုံးသပ်ချက်

အထက်ပါ အချက်အလက်အရ ဒီဓာတ်ပုံဟာ NLD အစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီး တာဝန်ယူခဲ့စဥ်က ဓာတ်ပုံဖြစ်ပြီး ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ် တပ်မ ၉၉ က စစ်သားတွေ အရာရှိတွေနဲ့ တွေ့ဆုံ နှုတ်ဆက်စကားပြောနေတဲ့ ဓာတ်ပုံသာဖြစ်ပါတယ်။

Avatar

Title:Fact Check: NUG လူ/ကယ်ပြန်ဝန်ကြီး တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်ဆိုတဲ့သတင်းမှား

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *