
ခရစ္စမတ်ပွဲကျင်းပနေတုန်း NUG သမ္မတ ဒူးဝါးလရှီလ အဖမ်းခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုယူကျူ့ချန်နယ် တခုက ဖြန့်ဝေနေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။
ဒီဇင်ဘာ ၂၅ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။
“25/12/2024
Christmas ပွဲကျင်းပနေတုန်း
NUGယာယီသမ္မတကြီးအဖမ်းခံရ
အရေးပေါ်ဖဖြန့်ပေးကြပါဗျို့”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။(ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။)
အခုလည်း ဗွီဒီယိုထဲမှာ ဖော်ပြခဲ့တဲ့အကြောင်းအရာဟာ လွတ်လပ်တဲ့အာရှအသံက သတင်းဖြစ်တဲ့ “မြို့ပေါင်း ကိုးဆယ်ထက်မနည်း လွတ်မြောက်ပြီလို့ ယာယီသမ္မတပြော”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားထားတယ်။
ဒီအပြင် ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီက စစ်တွေမြို့ကို ရေယာဉ်ကြီးငယ် ၄၀နီးပါးနှင့် တပ်လှန့်ထား”၊ “မြန်မာနယ်စပ် လုံခြုံရေးအတွက် လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော”စတဲ့သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
Also read – Fact Check: မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့အဖမ်းခံရဆိုတဲ့ သတင်းတု
သုံးသပ်ချက်
“Share Local Media”ဟာ သတင်းမီဒီယာတချို့က ဖော်ပြခဲ့ပြီး သတင်းတွေကို ခေါင်းစဉ်တုတပ် ဖြန့်ချိနေတဲ့ နေရာတခုသာဖြစ်တယ်။ ခရစ္စမတ်ပွဲကျင်းပနေတုန်း NUG သမ္မတ ဒူးဝါးလရှီလ အဖမ်းခံရတယ်ဆိုတာ မဟုတ်ပါဘူး။

Title:Fact Check: ခရစ္စမတ်ကျင်းပနေတုန်း NUG သမ္မတ အဖမ်းခံရတဲ့ သတင်းတု
Written By: နေရာမောင်Result: False