ရန်ကုန်မြို့နယ် ၃ ခုနဲ့ လေတပ်စခန်း PDF သိမ်းပိုက်လိုက်ပြီး ဒီတိုက်ပွဲတွေအတွင်းမှာ စစ်တပ်ခန့် ယာယီသမ္မတဦးမြင့်ဆွေလည်း သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။

မူရင်းလင်ခ့် – Youtube | Archive link

အချက်အလက်စိစစ်ချက်

ရန်ကုန်မြို့နယ် ၃ ခုကို PDF က သိမ်းပိုက်မှု၊ လေတပ်စခန်းကို သိမ်းပိုက်မှုနဲ့ ယာယီသမ္မတဦးမြင့်ဆွေ သေဆုံးမှုတို့အကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မျိုးမရှိပါဘူး။

ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာဟာရန်ကုန်က ဗုံးပေါက်ကွဲမှုတွေအကြောင်းတွေပဲဖြစ်ပါတယ်။ ဒီသတင်းဟာလည်း အောက်တိုဘာ ၃ ရက်က ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “သာကေတ သန်လျင်ရေတပ်ဝင်းနှင့် မင်္ဂလာဒုံ လေတပ်အနီးတွင် ပေါက်ကွဲသံ တချို့ ထွက် ပေါ် ခဲ့ပြီး မြောက်ဒဂုံ၊ တောင်ဒဂုံတွင်လည်း ဗုံးများပေါက်ကွဲ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ မူလသတင်းဖော်ပြချက်အပြည့်အစုံကို အောက်မှာကြည့်ပါ။

မူရင်းလင်ခ့် – Yktnews | Archive link

သုံးသပ်ချက်

ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာ အောက်တိုဘာ ၃ ရက်က ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ ရန်ကုန်က မြို့နယ်အချို့မှာ ပေါက်ကွဲမှုအကြောင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ ရန်ကုန်မြို့နယ် ၃ ခုကို PDF က သိမ်းပိုက်မှု၊ လေတပ်စခန်းကို သိမ်းပိုက်မှုနဲ့ ယာယီသမ္မတဦးမြင့်ဆွေ သေဆုံးမှုစသဖြင့် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရေးသားဖြန့်ဝေချက်ဟာ သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: ရန်ကုန်မြို့နယ် ၃ ခုနဲ့ လေတပ်စခန်း PDF သိမ်းပိုက်မှု စစ်ခန့်သမ္မတ ဦးမြင့်ဆွေသေဆုံးတဲ့ သတင်းတု

Written By: Zun Zee

Result: False