မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးပြီး ထောင်သားအားလုံးလွတ်လာတယ် ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။

“မနက်အထူးသတင်းကြီး

မန္တလေးအိုးဘိုထောင် PDF မီးရှို့ပြီ

ထောင်မှူးနဲ့ရဲခွေးတွေကိုလည်ပင်းကြိုးစွပ်ပြီး

ထောင်ပေါက်ဝမှအကုန်ချိတ်ဆွဲထားလိုက်ပြီ”

C:-Users-User-Downloads-Firefox_Screenshot_2024-08-06T01-00-37.640Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆိုရင် မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု ဒါမှမဟုတ် ခေါင်းစဉ်လွဲတွေတပ်ကာ ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီချန်နယ်ဟာ စလော့ဂိမ်းတွေကို ကြော်ငြာပေးတဲ့နေရာအဖြစ် ပြောင်းလဲထားပါတယ်။

ဩဂုတ် ၅ ရက်မှာ ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတဲ့အကြောင်းအရာတွေဟာ ရွှေဖီမြေ သတင်းဌာနကဖော်ပြခဲ့တဲ့ “လားရှိုး အကျဉ်းထောင်က အကျဉ်းသားတွေ ကိုယ့်နည်းကိုယ့်ဟန် ထောင်ဖောက် လွတ်မြောက်လာခြင်းဖြစ်ပြီး တိုက်ပွဲကြားမှာ အကျဉ်းသား ၁၀၀ ကျော်သေဆုံး၊ ၈၀၀ ကျော် ပျောက်ဆုံးနေ”ဆိုတဲ့ သတင်းနဲ့ ဘလော့ဂါတဦးရေးသားတဲ့ “ရမခ ကျအပြီး အဘ ပါတော်မူမလား”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။

C:-Users-User-Downloads-11.png

သုံးသပ်ချက်

မန္တလေးအိုးဘိုထောင်ကို PDF တွေဝင်စီးတဲ့အကြောင်း အထောက်အထားမရှိပါဘူး။ ဗွီဒီယိုထဲမှာ‌ဖော်ပြခဲ့တဲ့ သတင်းဟာ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းမှာ လားရှိုး အကျဉ်းထောင်က အကျဉ်းသားတွေ ကိုယ့်နည်းကိုယ့်ဟန် ထောင်ဖောက် လွတ်မြောက်လာပြီး တိုက်ပွဲကြားမှာ အကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့တဲ့ သတင်းကို သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- မန္တလေးအိုးဘိုထောင်ကို PDF တွေဝင်စီး၊ အကျဉ်းသားအားလုံးလွတ်မြောက်

Avatar

Title:Fact Check: မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False