Fact Check: သမ္မတကြီးဦးဝင်းမြင့်လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့သတင်းမှား

False နိုင်ငံ‌ရေး

မေ ၁ ရက်က သမ္မတဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယို အွန်လိုင်း အသုံးပြုသူတွေ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

ဒီဗွီဒီယိုထဲအစမှာ သမ္မတဦးဝင်းမြင့်ကို ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့က လက်ဆွဲနှုတ်ဆက်နေပုံနဲ့အတူ “ ၁ ရက်နေ့ သမ္မတ ဝင်းမြင့် လွှတ်ငြိမ်းချမ်းသာခွင့်ရလို့ ကြိုဆိုနေကြပြီ”ဆိုပြီး တော့ ရေးသားထားပါတယ်။

အောက်ပါ စရင်ရှော့ကတော့ ၂၀၂၃ ခုနှစ် မေ၁ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။

မူရင်းလင်ခ့် – Youtube linkArchive link

တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာ သမ္မတဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီလို့ရေးသားထားပေမဲ့ ၂ မိနစ် ၄၇ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ သမ္မတဦးဝင်းမြင့်အကြောင်းတစ်စုံတရာမပါဝင်သလို လွတ်ငြိမ်းချမ်း သာခွင့်အကြောင်းလည်းမပါဝင်ပါဘူး။  အခြား သတင်းမီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ သတင်းဌာန တွေမှာလည်းဖော်ပြချက်မတွေ့ရပါဘူး။

တကယ်တမ်း ဗွီဒီယိုမှာပါတဲ့ အကြောင်းအရာဟာ ခေတ်သစ်သတင်းဌာနက မေ  ရက်မှာ ဖော်ပြခဲ့တဲ့ “စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံရေး အခြေအနေများအပေါ် သန်းရွှေ၊ သိန်းစိန်တို့ကို မင်းအောင်လှိုင်က ပုံမှန် တင်ပြ ဆွေးနွေးနေ”ဆိုတဲ့ သတင်းကို စစ်အာဏာမသိမ်းခင်က ဓာတ်ပုံဟောင်း တွေအသုံးပြုပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိထားခြင်းဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံအခြေအနေတွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို ပုံမှန်တင်ပြနေတယ်ဆိုတဲ့ အကြောင်းကို သတင်းခေါင်းစဉ်တုတပ်ပြီးဖြန့်ချိနေခြင်းဖြစ်တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းကတည်းက အဖမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့် ပြန်လည် လွတ်မြောက်ခြင်းမရှိသေးပါဘူး။

ပြောဆိုချက်- သမ္မတကြီးဦးဝင်းမြင့်လွတ်ငြိမ်းချမ်းသာခွင့်ရ

Avatar

Title:Fact Check: သမ္မတကြီးဦးဝင်းမြင့်လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *