Fact Check: သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရဆိုတဲ့ သတင်းခေါင်းစဉ်တု

နိုင်ငံရေး၊

သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းတုသတင်းမှား တခုသာဖြစ်တယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါ စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“သီတဂူဘုန်းကြီးအိပ်နေတုန်း ဗုံးနဲ့ထုခံရ သေမှာဆိုးလို့ မအလ ပဲခူးဘုရား ပြေး”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သီတဂူဆရာတော် အိပ်နေတုန်း ဗုံးနဲ့လုပ်ကြံခံရတယ်ဆိုတဲ့ သတင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း ခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတဲ့ သတင်းဌာနတခုဖြစ်တာတွေ့ရပါတယ်။

အခုလည်း ဗွီဒီယိုပါသတင်းတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ပဲခူးမြို၊ ဘုရားသုံးဆူ ဝဋ်ကြွေးကြေ ဘုရားတွင် ထီးတော်တင်၍ မင်းအောင်လှိုင် ယတြာချေမည်”နဲ့ “ရန်ကုန်တိုင်းအတွင်းရှိ ဆိုင်ကယ်ကယ်ရီသမားများကို ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် စစ်ကောင်စီက ဖိအားပေး ဖွဲ့စည်းပေးပြီး မသင်္ကာသော လှုပ်ရှားမှု မှန်သမျှ စစ်တပ်နှင့်ရဲထံသို့ သတင်းပေးရန် စည်းရုံး”စတဲ့ သတင်းတွေသာပါဝင်တယ်။

သုံးသပ်ချက်

Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ပြီး မီဒီယာတွေက သတင်းတွေကို ပြန်လည်ဖြန့်ချိလေ့ရှိပါတယ်။ အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ သီတဂူဆရာတော် ဗုံးပစ် လုပ်ကြံခံရမှု သတင်းမပါဘူး။ လူတွေ စိတ်လှုပ်ရှားဖွယ် လှုံဆော်ပြီး ရေးသားဖြန့်ဝေထားတဲ့ Clickbait တခုသာဖြစ်တယ်။

Avatar

Title:Fact Check: သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရဆိုတဲ့ သတင်းခေါင်းစဉ်တု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *