
ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ ခေတ်သစ်မီဒီယာကသတင်းကို နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။
ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာ” ဆိုပြီး ရေးသားထားပြီး “Aung Kyaw” အမည်နဲ့ ဖေ့ဘွတ်စ်အသုံးပြုသူက မျှဝေထားပါတယ်။ အဆိုပါ ပို့စ်ကို ပြန်လည်ဖြန့်ဝေထားမှုပေါင်း တစ်ထောင်နီးပါး ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် ပုလဲမြို့သစ်တွင် ဆောက်ပြီးသား သင်္ကြန်မဏ္ဍပ်များ ဖျက်သိမ်း”၊“ရခိုင်သတင်းသမားတွေနဲ့ အေအေ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ရှာဖွေ”စသည်ဖြင့် မီဒီယာအချို့မှာဖော်ပြထားတဲ့ သတင်းဆွေကို ပြန်လည်ဖတ်ကြား မျှဝေနေခြင်းဖြစ် ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ရန်ကုန် ဗဟိုမဏ္ဍပ် ရှော့တိုက်ဒုံးနဲ့ အထုခံရအပြီးနောက် သင်္ကြန်ဖျက်သိမ်း ကြောင်း ကြေညာဆိုတဲ့ သတင်းဟာ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့သတင်းတွေကို သတင်းခေါင်း စဉ်လွဲနဲ့ ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ စစ်တပ်က သင်္ကြန်ကို ဖျက်သိမ်းလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ပြောဆိုချက်- ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာ

Title:Fact Check: ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန် ဖျက်သိမ်း ကြောင်း ကြေညာဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: Misleading