အစားအသောက်နဲ့ COVID-19 ကာကွယ်ကုသနိုင်လား

Coronavirus False ကူးစက်ရောဂါ ကျန်းမာရေး၊ | Health လူမှုရေး

COVID-19 ကာကွယ်ရေးဆိုပြီးတော့ “သံပုရာရည်သောက်၊ ဂျင်းများများစား၊ ဟင်းလျာမှာ နနွင်းပါစေ၊ ဟင်းရည်ပူပူငြုပ်ကောင်း၊ ငါးဟင်းစား၊ ကြက်သွန်ဖြူ/နီစား၊ ရေနွေးကြမ်းပူပူသောက်၊ နေထွက်စမှာလမ်းလျှောက်”ဆိုတဲ့ အချက် ၈ ချက်ပါတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

“ဝူဟန်ဗိုင်းရပ်စ်”ကာကွယ်ကုသရာမှာ ထိရောက်တယ်လို့ ပြောနေကြတဲ့ ဆေးတွေရဲ့အာနိသင်သဘောတရားက ကိုယ်ရဲ့အနီးမှာပါ” (လက်ဆေးဘို့လည်းမပျင်းနဲ့)” ဆိုပြီးတော့ U Win Tin အမည်နဲ့ အကောင့်က မျှဝေထားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

၁။ကမ္ဘာ့ကျန်းမားရေးအဖွဲ့က လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ပြောကြားထားပါတယ်။ အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ပျောက်အောင်ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာမတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွားမယ်လို့ ပြောကြားပါတယ်။

link

သီရိလင်္ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျန်းမာရေးမြှင့်တင်မှုနှင့် ဆက်ဆံရေးအရာရှိ Sahani Chandraratna ကလည်း ဒီအချက်ကို သီရိလင်္ကာ Fact Crescendo ကို ပြောပါတယ်။

၂။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တာတွေ့ရပါတယ်။ ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက်ကောင်းမွန်ပြီး ဘက်တီးရီးယာပိုးကို ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိနိုင်ပါတယ်။ ဒါပေမဲ့လက်ရှိဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမှာတော့ ကာကွယ်နိုင်တာမျိုး အထောက်အထားမရှိပါဘူးလို့လည်း ရေးသားထားပါတယ်။ 

link

၃။ ကြက်သွန်နီနဲ့ ဆားကို အတူတကွစားပြီး ရေမသောက်ဘဲ ၁၀ မိနစ်လောက်နေရင် ကိုရိုနာရောဂါပိုးသေတယ် ဆိုတဲ့အလက်တွေဟာ မမှန်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသန့် က Fact Crescendo ကို အတည်ပြုပါတယ်။ အချက်အလက်တွေဟာ သုတေသနပြုလုပ် ထားတဲ့ အထောက်အထားမရှိသလို အခြေအမြစ်မရှိတဲ့ သတင်းသာဖြစ်တယ်လို့  ဒေါက်တာမျိုးသန့်က ပြောပါတယ်။ကိုရိုနာရောဂါပိုးကာကွယ်ဖို့ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ လက်ဆေးဖို့၊ လူကြားထဲသွားတာတွေ ရှောင်ကျဥ◌်ဖို့၊ နာချေတာ ချောင်းဆိုးတာမှာ လက်နဲ့ အုပ်ပြီးအချောင်းဆိုးစတဲ့ အချက်အလက်တွေကို လိုက်နာဖို့လိုအပ်တယ်လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။

၄။ ကျန်းမာေရးနဲ့ အားကစားဝန်ကြီးဌာနက covid-19 ကာကွယ်နိုင်မယ့် အထိရောက်ဆုံးနည်းလမ်းတွေကို ဖော်ပြထားပါတယ်။

link

၅။ ကိုရိုနာဗိုင်းရပ်စ်ကို သံပုရာရည်သောက်လို့ ကာကွယ်ကုသနိုင်တဲ့အထောက်အထားမျိုးလည်းမရှိဘူး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကရောဆရာဝန်တွေကပါ ပြောကြားထားပါတယ်။

link

ရိုက်တာသတင်းဌာနကလည်း သံပုရာရည်သောက်တာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

link

သုံးသပ်ချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးဌာနလိုမျိုးဌာနတွေက ရိုးရာဓလေ့နည်းလမ်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာအောင်လုပ်နိုင်ကောင်းလုပ်နိုင်မယ်လို့ ပြောကြား ထားပေမဲ့ ဒီလိုကုသမှုတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ကုသရာမှာတော့ တိကျမှန်ကန်တဲ့ အဖြေတော့ မဟုတ်ပါဘူး။ အစားအသောက်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမရှိတဲ့အတွက် သတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:အစားအသောက်နဲ့ COVID-19 ကာကွယ်ကုသနိုင်လား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *