Fact Check: NUG ကို စစ်ရေးအကူအညီတွေပေးမယ်လို့ ဒေါ်နယ်ထရမ့် ဖုန်းဆက်ပြော တဲ့ သတင်းတု

False နိုင်ငံရေး | Politics

C:\Users\User\Downloads\Firefox_Screenshot_2024-11-15T02-02-46.574Z.png

မြန်မာနိုင်ငံကို စစ်ရေးအကူအညီတွေ ပေးဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)သမ္မတကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ဖုန်းဆက်ပြီးပြောတယ်လို့ ဆိုထားတဲ့  ဗွီဒီယို ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာတွေ့ရပါတယ်။  စစ်ခေါင်း‌ဆောင်ကို ရာထူးက ဆင်းပေးဖို့ ၅ ရက်အချိန်ပေးလိုက်တယ်လို့ ဆိုပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း 

“ဒေါ်နယ်ထရမ့်လုပ်ရပ်ကြောင့် ထိတ်လန့်ကုန်ပြီ

NUG သမ္မတထံဖုန်းဆက်ပြီး စစ်ရေးကူညီပေးမယ်တဲ့

မအလကို (၅)ရက်ပဲအချိန်ပေးမယ်တဲ့ဗျို့” (မူလအရေးအသား)

C:\Users\User\Downloads\Firefox_Screenshot_2024-11-15T02-03-54.827Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

နိုဝင်ဘာ ၇ ရက် အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရ သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်၊ ပြင်သစ်၊ ဗြိတိန်၊ ယူကရိန်၊ တောင်ကိုရီးယားစတဲ့  နိုင်ငံတွေက သမ္မတတွေက ဖုန်းဆက်စကားပြောခဲ့တာတွေ့ရပါတယ်။ 

ဒါပေမဲ့ မြန်မာနိုင်ငံက NUG သမ္မတနဲ့ ဆက်သွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားတော့မရှိပါဘူး။ ဒီလိုဖုန်းဆက်ပြောဆိုခဲ့တယ်ဆိုပြီးတော့လည်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြခြင်း မရှိသလို NUG ကလည်း အတည်ပြုထုတ်ပြန်ချက်မရှိပါဘူး။ 

ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာတွေထဲမှာ ဒေါ်နယ်ထရမ့်က NUG နဲ့ ဖုန်းဆက်ပြောကြားခဲ့တယ်လို့ ဆိုထားပေမဲ့ လုပ်ကြံရေးသားချက်သာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်”ဆိုတဲ့ NUG ပြောရေးဆိုခွင့်ရ ဦးနေဘုန်းလတ်ရဲ့ ပြောကြားချက် သတင်းစကားကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ ဒီပြောကြားချက်ထဲမှာ အမေရိကန်‌ ရွေးကောက်ပွဲမှာ အနိုင်ရ သမ္မတထရမ့်နဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ မြန်မာတော်လှန်ရေးမှာ ဆက်လက်ကူညီပေးဖို့ မျှော်လင့်ကြောင်း ဦးနေဘုန်းလတ်က ပြောကြားခဲ့တာဖြစ်တယ်။ 

C:\Users\User\Downloads\Untitled.jpg

သုံးသပ်ချက်

မြန်မာနိုင်ငံကို စစ်ရေးအကူအညီတွေ ပေးဖို့ NUG သမ္မတကို ဒေါ်နယ်ထရမ့်က ဖုန်းဆက်ပြီးပြောတယ်ဆိုတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ အနိုင်ရ သမ္မတထရမ့်နဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ မြန်မာတော်လှန်ရေးမှာ ဆက်လက်ကူညီပေးဖို့ မျှော်လင့်ကြောင်း NUG ရဲ့ ပြောကြားချက်ကို ခေါင်းစဉ်တုတပ်ထားတယ်။

ပြောဆိုချက်- မြန်မာနိုင်ငံကို စစ်ရေးအကူအညီတွေ ပေးဖို့ NUG သမ္မတကို ဒေါ်နယ်ထရမ့်က ဖုန်းဆက်ပြီးပြော

Avatar

Title:Fact Check: NUG ကို စစ်ရေးအကူအညီတွေပေးမယ်လို့ ဒေါ်နယ်ထရမ့် ဖုန်းဆက်ပြော တဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *