
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာက အစည်းအဝေးခန်းမရှေ့မှာပဲ အနီးကပ် ပစ်ခတ်ရှင်းလင်းခံရတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံနှံ့မှုအားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဦးခင်ရီ ပစ်သတ်ခံရခြင်းမရှိပါဘူး။
အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုအစမှာပြတဲ့ Thumbnail ဓာတ်ပုံထဲမှာ ပြည်ထောစုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာမြို့က အစည်းအဝေးခန်း မရှေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ရေးသားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဗွီဒီယိုခေါင်းစီးစာသားနဲ့ ဗွီဒီယိုအစမှာပြတဲ့ Thumbnail ဓာတ်ပုံထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေး ပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာက အစည်းအဝေးခန်းမရှေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာမပါဝင်ဘဲ သတင်းခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ် တာတွေ့ရပါတယ်။ သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဒီလိုမျိုးသတင်း ဖော်ပြချက်မတွေ့ရပါဘူး။
တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧပြီ ၂၅ ရက်က လွတ်လပ်တဲ့အာရှအသံမှာဖော်ပြခဲ့တဲ့ “CDF မင်းတပ်ကို ရက္ခိုင့်တပ်တော် AA ဆက်လက်ကူညီသွားမည်”၊ ဧပြီ ၂၆ ရက်မှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “စစ်ကိုင်း ခရိုင် တပ်ရင်း ၄ က စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲရန် လေ့ကျင့်မှုများ ပြုလုပ်”၊ လူထုနွေဦးဝက်ဘ်ဆိုဒ်မှာဖော်ပြခဲ့တဲ့“ဟားခါးသို့လာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိဟု CNA ပြော”၊ မြေလတ်အသံသတင်းဌာနကဖော်ပြခဲ့တဲ့ “ရေနံမြေရဲတပ်ဖွဲ့ပိုင် ယူကလစ်ပင်တွေကို စစ်တပ်အသွင်ပြောင်း ဒု-ရဲမှူးကြီးမြင့်ဆွေက ခုတ်လှဲရောင်းစား” စတဲ့သတင်းတွေကိုဖော်ပြနေခြင်းဖြစ်ပါတယ်။
သုံးသပ်ချက်
အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်မျှဝေ နေခြင်းဖြစ်ပါတယ်။ USDP ဥက္ကဌ ဦးခင်ရီ မုံရွာမှာ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာမဟုတ်ပါဘူး။
ပြောဆိုချက်- မုံရွာမှာ USDP ဥက္ကဌ ဦးခင်ရီ ပစ်ခတ်ရှင်းလင်းခံရ

Title:Fact Check: မုံရွာမှာ USDP ဥက္ကဌ ဦးခင်ရီ ပစ်ခတ်ရှင်းလင်းခံရဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False