
စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဖေ့စ်ဘွတ်မှာလူသိများသူ ပန်ဆယ်လိုဟာ ငွေကြေးအလွဲ သုံးစား လုပ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ဘွန်းရောင်းခွင့်ပိတ်ပင်ခံ ရတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေ လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။
“ပန်ဆယ်လိုနဲ့NUG ဝန်ကြီး ပြဿနာတက်လို့ ပန်ဆယ်လို Bond.ရောင်းချခွင့်ပိတ်ခံရပြီ
ဖတ်ရှူရန်လင့် 👉👉 https://t.me/chindwinthar99/20?single
အပျံမက Bond agent လုပ်စားရင်း စာရင်းတွေလိမ်ပြီး ကိုယ်ကျိုးအသုံးချမှုတွေများလာလို အချင်းချင်းခွာပြဲလာကြပါပီ။ ခေါင်းစဉ်အမျိုးမျိးတပ်ပြီး အလှူခံတောင်းစားနေတဲ့ အပျံမကို နူဂျီက သိသိနဲ့လွှတ်ပေးထားတာကဘာကြောင့်လဲဆိုရင် သူတိုနူဂျီမှာက အပျံမလောက်အတောင်းအရမ်းညက်တဲ့သူသိပ်မရှိဘူး… တစ်ဝက်လောက်ဘုံးသွားလဲ တစ်ဝက်လောက်တော့ငါတိုစားရပါတယ်လေဆိုတဲ့ အချိုးနဲ့ ဇော်ဝေစိုးက အံကြိတ်ခံနေတာ….. အဲ့တာကို သိလာလို့ MOPFI ဝန်ထမ်းတွေက သူတို့ကိုလည်း အသုံးစရိတ်ပေးသင့်ကြောင်း အပျံမဆီကခွဲတမ်းသွားတောင်းတော့ အပျံမက Bond Agent အဖြစ်က ရပ်နားပါတယ်တဲ့လေ……သိထားတဲ့အကြောင်းအရာက အပျံမကိုယ်တိုင်ပို့စ်တင်ပြောမှ ပိုသေချာသွားတော့တယ်..”လို့ရေးသားပြီး “Koko” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေတစ်ဆင့် ဒီလိုအလွဲသုံးစားဖြစ်စဉ်မရှိကြောင်းနဲ့ ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ် အဖြစ်ကနေ ရပ်စဲခံရသယောင် တစ်ဖက်အုစုက စွပ်စွဲထိုးချနေတယ်လို့ ရေးသားထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Tin Tun Naing | Archive link
ဖေ့စ်ဘွတ်မှာ NLD ထောက်ခံသူ စစ်တပ်ဆန့်ကျင်သူအဖြစ် လူသိများတဲ့ ပန်ဆယ်လိုဟာ ပထမက NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနဲ့ လုပ်ငန်းနှောင့်နှေးကျန့်ကြာမှုက တစ်ဆင့် ပြဿနာ တစ်ချို့ကြောင့် ဘွန်းမရောင်းတော့ဘူးလို့ သူမရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ အသိပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ NUG က ထုတ်ဝေတဲ့ ဘွန်းကို ပြန်ရောင်းတော့မယ်လို့ ပြန်လည်ကြေညာခဲ့တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – ပန်ဆယ်လို | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ပန်ဆယ်လိုဟာ ငွေကြေးအလွဲ သုံးစား လုပ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)က ဘွန်းရောင်းခွင့်ပိတ်ပင်ခံရတယ်ဆိုတာမဟုတ်ပါဘူး။

Title:Fact Check: NUG က ပန်ဆယ်လိုကို ဘွန်းရောင်းခွင့်ပိတ်ပင်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False