ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF ကသတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားဖြန့်ဝေနေတာတွေ့ရပါတယ်။

အောက်ပါစာသားကတော့ ဖြန့်ဝေနေတဲ့ စခရင်ရှော့ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ လွပ်လတ်တဲ့ မီဒီယာတွေမှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမရိုးကျေးရွာကနေ ရွှေပန်းကုန်းကျေးရွာဘက် ဟင်းသီးဟင်းရွက်ရောင်းဖို့ထွက်လာတဲ့ ထော်လာဂျီ ကားပေါ်က ကုန်စိမ်းစျေးသည် ၇ ဦးကို မြန်မာစစ်တပ်က ပစ်သတ်သွားတယ်လို့ ဖော်ပြကြပါတယ်။ ဘီဘီစီ မြန်မာပိုင်း၊ ရန်ကုန်ခေတ်သစ် သတင်းဌာန၊ မဇ္ဈိမသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်ကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။

အောက်ပါ စခရင်ရှော့ကတော့ ဘီဘီစီ မြန်မာပိုင်းကဖော်ပြခဲ့ ဇူလိုင် ၆ ရက် မနက် ၄ နာရီကျော်က မြန်မာစစ်တပ် စစ်ကြောင်းနဲ့ တွေ့ပြီး အမျိုးသမီး ၄ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း ကုန်စိမ်းစျေးသည် ၇ ဦး ‌သတ်ဖြတ်ခဲ့တဲ့ အကြောင်းဖော်ပြချက်ဖြစ်တယ်။

သုံးသပ်ချက်

မီဒီယာတွေမှာ ကုန်စိမ်းစျေးသည် ၇ ဦးကို စစ်တပ်က သတ်ဖြတ်သွားတဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီးနောက်မှာ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တွေကနေ တန်ပြန်တဲ့အနေနဲ့ ကုန်ဈေးသည်တွေကို PDF က သတ်ဖြတ်မှုအဖြစ် ပြန်လည်ဝါဒဖြန့်ချိလာခြင်းဖြစ်တယ်။

ပြောဆိုချက်- ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF ကသတ်ဖြတ်ခဲ့တယ်

Avatar

Title:Fact Check: ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF သတ်ဖြတ်တဲ့ သတင်းမှား

Written By: နေရာမောင်

Result: Misleading