မန္တလေးမြို့ဆင်ခြေဖုန်း တနေရာမှာ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါတကောင်တွေ့ ရှိရတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ထူးဆန်းတဲ့ သတ္တဝါဟာ အီးတီလိုလို လူလိုလိုပုံစံရှိပြီး မျက်လုံးပြာပြာကြီး လက်သည်းရှည်ကြီးတွေလည်းပါရှိတယ်လို့ဆိုပြီး ဓာတ်ပုံ ၂ ပုံနှင့်အတူဖြန့်ဝေနေတာဖြစ်ပါတယ်။ သတင်းမှားဖြစ်ပါတယ်။

“𝗡𝗚𝗔 𝗙𝗘𝗘𝗟𝗜𝗡𝗚”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link

အောက်ပါ screenshot ကတော့ မျှဝေထားတဲ့ ဓာတ်ပုံပါ အတိုင်းတွေ့ရပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီဓာတ်ပုံတွေဟာ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ အီတလီအနုပညာရှင်တစ်ဦးဖြစ်တဲ့ “Laira Maganuco”ရဲ့ ဆီလီကွန်နဲ့ပြုလုပ်ပုံဖော်ထားတဲ့ တောင်အမေရိကန်မှာအတွေ့ရများတဲ့ armadillos လို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ပုံဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်က “Laira Maganuco”က သူ့ရဲ့ဖေ့စ်ဘွတ်မှာ “ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ armadillo မျိုးခွဲ”လို့ရေးသားပြီး ဒီအရုပ်ရဲ့ ဓာတ်ပုံ ၁၇ ပုံအပါဝင် ဗွီဒီယိုတစ်ခုကို မျှဝေထားပါတယ်။

လူနဲ့တူတဲ့ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် အခြားသောဘာသာစကား အသုံးပြု သူတွေအကြားမှာလည်းပျံ့နှံ့ခဲ့ပါသေးတယ်။ Fact Crescendo Bangladesh က အချက်အလက် စိစစ်ထား တာကို ဒီလင့်ခ်မှာကြည့်ပါ။

ဒီအရုပ်ကို etsy.com ဆိုတဲ့ဈေးရောင်းဈေးဝယ်ဝက်ဘ်ဆိုဒ်မှာ ရောင်းချဖို့ကြေညာထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

တောင်အမေရိကမှာတွေ့ရလေ့ရှိတဲ့ armadillo မျိုးစိပ်သတ္တကို ပုံစံယူပြီး စိတ်ကူးပုံဖော်ဖန်တီးထားတဲ့ အီတလီအနုပညာရှင်တစ်ဦးရဲ့ ဆီလီကွန်အရုပ်တစ်ခုရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ အမှန်တကယ်အပြင်မှာရှိတယ် ပုံစံမျိုးမဟုတ်ဘဲ အနုပညာရှင်ရဲ့ ဖန်တီးမှုသာဖြစ်ပါတယ်။

Avatar

Title:Fact Check: မန္တလေးဆင်ခြေဖုန်းမှာတွေ့ရတဲ့ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါလား-မဟုတ်ပါ

Fact Check By: Nayar Maung

Result: False