
ပြည်ပရောက် KBZ PAY အသုံးပြုသူတွေဟာ ဒီငွေကြေးဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်တော့မှာ မဟုတ် ကြောင်း KBZ PAY ကထုတ်ပြန်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ KBZ PAY အသုံးပြုသူတွေဟာ ပြည်ပမှာ KBZ PAY ကိုအသုံးပြုနိုင်မှာမဟုတ်ဘဲ ပြည်တွင်း ပြန်လည်ရောက်ရှိချိန်မှသာလျှင် သူတို့ရဲ့ ငွေတွေကို ပြန်လည်အသုံးပြုနိုင်မယ်ဆိုပြီး KBZ PAY ကပေးပို့တယ်ဆို တဲ့ စာသားဓာတ်ပုံတစ်ခုလည်းပါဝင်ပါတယ်။
“MDY news center”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ တူညီတဲ့ပြောဆိုချက်တွေပါဝင်တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။
“ပြည်ပရောက် KBZ PAY အသုံးပြုသူများ ဆက်လက်အသုံးပြု့နိုင်မည်မဟုတ်ပဲ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိချိန်မှသာလျှင် Login ပြန်လည်ဝင်ရောက် အသုံးပြု့နိုင်မှာဖြစ်ကြောင်း KBZ pay မှထုတ်ပြန်လိုက်ကြောင်းသိရှိရ”

မူရင်းလင်ခ့် – FB link | Archive link
အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေရာမှာ မီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဒီအကြောင်းအရာကိုထောက်ခံတဲ့ဖော်ပြချက်မတွေ့ရပါဘူး။ ဘီဘီစီ မြန်မာပိုင်းကတော့ ရောက်သွားတဲ့ နိုင်ငံအလိုက် အကန့်အသတ်အချို့ရှိနိုင်ပေမဲ့ ပြည်ပရောက်တာနဲ့ အသုံးပြုလို့မရတော့ဘူးဆိုတာ မမှန်ဘူး လို့ဆိုပါတယ်။
“ပြည်ပမှာ အသုံးပြုနိုင်ပါတယ်။ ကေပေးဖွင့်ထားတဲ့ ဆင်းမ်ကဒ်လေးကိုယူသွားမယ်။ Data Roaming လည်း ဖွင့်ထားမယ်ဆိုရင် OTP ကုဒ်လည်း ကျမယ်ဆိုရင် သုံးလို့ရပါတယ်။” လို့ Kay Pay Service Team ကို ဆက်သွယ်မေးမြန်းချက်အဖြစ်ကိုးကားပြီး ဘီဘီစီကရေးသားထားပါတယ်။
ထို့အတူ အချက်အလက်စိစစ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ “တွေးပြီးမှယုံ-Think Before You Trust” ကလည်း KBZPay ဆားဗစ်စင်တာနဲ့ ပြည်ပရောက် KBZPay အသုံးပြုသူကို ကိုးကားပြီး ဒီပို့စ်ဟာ အမှန်ကြောင်းနဲ့ ဓာတ်ပုံစာသားပါ အကြောင်းအရာဟာ ပြည်ပရောက်အသုံးပြုသူတွေဆီကို KBZPay ကပို့လေ့ရှိတဲ့ သာမန်စာသာဖြစ်တယ် လို့ရေးသားပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဘဏ်ဘက်က အကြောင်းကြားစာပေးပို့မှုဟာ မှန်ကန်ပေမဲ့ ပြည်ပရောက် KBZ PAY အသုံးပြုသူတွေဟာ ဒီအွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဆက်လက်အသုံးပြုနိုင်တော့မှာ မဟုတ်ဘူးဆိုတာ မှန်ကန်မှုမရှိပါဘူး။

Title:Fact Check: ပြည်ပရောက် KBZ PAY အသုံးပြုသူတွေပိတ်ဆို့ခံရဆိုတာမဟုတ်ပါ
Fact Check By: Nayar MaungResult: Missing Context