
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆေးရုံမှာ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရမှုစသည်ဖြင့် ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“(၁၄)ရက်နေ့ တနိုင်ငံလုံးကခုန်လို့ရပြီဟေ့ သတင်းထူးကြီးဗျို့ ညက ကာချုပ်ကြီးမင်းအောင်လှိုင်အရေးပေါ် ဆေးရုမှသေပြီဟေ့အလောင်းထုတ်ပြီဗျို့ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ”

မူရင်းလင်ခ့် – Youtube link | Archive link
ထို့အတူ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရတယ်၊ စစ်တပ်ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း မိသားစု ၃ ဦးပစ်သတ်ခံရတယ်စသည်ဖြင့်လည်း ဒီချန်နယ်က ဖြန့်ချိထား ပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့ပြီးဖြစ်တဲ့သတင်းတွေကို ပြန်လည် ကူးယူဖော်ပြပြီး လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတပ်ပြီး ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။
အခုလည်း ဗွီဒီယိုအစမှာပြသခဲ့တဲ့ thumb nail ဓာတ်ပုံပါ စာသားဖြစ်တဲ့ “ညက ကာချုပ်ကြီးမင်းအောင်လှိုင် အရေးပေါ် ဆေးရုမှသေပြီဟေ့အလောင်းထုတ်ပြီဗျို့ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ”ဆိုတဲ့ ပြောဆိုချက်ကို ကြည့်ရအောင်ပါ။ ၇ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဒီအကြောင်းအရာမပါဝင်ပါဘူး။
တကယ်တမ်းပါတဲ့ အကြောင်းအရာတွေကကတော့ “Delta News Agency”ကဖော်ပြခဲ့တဲ့ “ရှမ်းမြောက်အရေး ဆွေးနွေးပွဲ မအောင်မြင်မှာ စိုးရိမ်နေတဲ့ စစ်ကောင်စီ”၊ “The Tanintharyi Times”ကဖော်ပြခဲ့တဲ့ “—က”စတဲ့ သတင်းတွေသာပါဝင်တယ်။
မူရင်းလင်ခ့် – Delta News Agency | Archive link
သုံးသပ်ချက်
မီဒီယာအချို့က ဖော်ပြခဲ့ထားတဲ့ တရုတ်က ကြားဝင်ဆောင်ရွက်ပေးတဲ့ ရှမ်းမြောက်အရေးဆွေးနွေး ဆောင်းပါးနဲ့ စစ်မှုထမ်းဖို့ ထားဝယ်ထောင်က တပ်ပြေးတွေခေါ်ထုတ်သွားမှု သတင်းကို ပြန်လည် ကူးယူဖော်ပြပြီး ခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တယ်။ စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် သေဆုံးခြင်းမရှိပါဘူး။
ပြောဆိုချက်- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆေးရုံမှာ သေဆုံးပြီး ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရ