
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူသွားပြီး ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ သတင်းမှားတွေ ဖေ့စ်ဘွတ်နဲ့ ယူကျု့ အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့နေတဲ့ ပို့စ်တခုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
“မင်းအောင်လှိုင် အနားယူပြီဟု MRTV ကြေညာ တပ်အလုံးစုံ ရပ်တန့်လိုက်ပြီ ဗိုလ်ချုပ် စိုးဝင်း အာဏာယူပြီ”

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး လိုအပ်သလို သတင်းခေါင်းစဉ်ကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ “မင်းအောင်လှိုင် အနားယူပြီဟု MRTV ကြေညာ တပ်အလုံးစုံ ရပ်တန့်လိုက်ပြီ ဗိုလ်ချုပ် စိုးဝင်း အာဏာယူပြီ” လို့ ဗွီဒီယိုအစမှာရေးသားထားပေမဲ့ အခုသတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။
ထို့အပြင် စစ်ခေါင်းဆောင်အပြောင်းအလဲ၊ စစ်ခေါင်းဆောင်ဆီကနေ ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်း တာဆိုတဲ့အကြောင်း စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ကဖြစ်စေ အခြားသော လွတ်လပ်တဲ့ သတင်းဌာနတွေက ဖြစ်စေဖော်ပြချက်မရှိပါဘူး။
အထူးသဖြင့် စစ်တပ် နံပါတ် ၁ နဲ့ နံပါတ် ၂ စစ်ခေါင်းဆောင်တွေရဲ့ အပြောင်းအလဲ သတင်း၊ အာဏာသိမ်းမှု သတင်းနဲ့ ပတ်သတ်ပြီး သတင်းတု ဖြန့်ချိတဲ့ ယူကျူ့တွေဟာ မကြာခဏဖြန့်ချိလေ့ရှိ တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်
စစ်ခေါင်းဆောင်ဆီကနေ ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်း တာဆိုတဲ့အကြောင်း စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ကဖြစ်စေ အခြားသော လွတ်လပ်တဲ့ သတင်းဌာနတွေက ဖြစ်စေဖော်ပြချက်မရှိပါဘူး။ သတင်းမီဒီယာ အချို့က သတင်းဖော်ပြချက်တွေကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကနေ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင် အာဏာသိမ်း