
သီတဂူဆရာတော် ဒရုန်းနဲ့ လုပ်ကြံခံရပြီး ကျောင်းဆောင်အတွင်းမှာ သေပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။
“သီတဂု ဆရာ်တော် ဒရုန်းနဲ့ လုပ်ကြံခံရပြီ(မူရင်းအရေးအသား)”လို့ ပို့စ်စာသားမှာရေးသားထားပြီး ဗွီဒီယို အစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာတော့ “24 ရက်နေ့ သီတဂူဆရာတော် ဒရုန်းစာမိပြီ ကျောင်းဆောင် အတွင်းမှာ သေပြီ”လို့လည်း ရေးသာထားပါတယ်။ တကယ်တော့ ဗွီဒီယိုပါ အကြောင်းအရာဟာ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ တရုတ်နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။
“Top 2” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးစာမျက်နှာက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ တရုတ်နှစ်သစ်ကူး သဝဏ် လွှာအကြောင်းဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ အခု ဖတ်ကြားနေတဲ့ သတင်းကတော့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်က Delta News Agency ကဖော်ပြခဲ့တဲ့“စစ်အုပ်စုနဲ့ အတူမရပ်တည်ခဲ့တဲတရုတ်ပြည်သူ့သမ္မတနိုင်ငံကို အမြဲအမှတ်ရနေမယ်လို့ NUG ဆို”ဆိုတဲ့သတင်းဖြစ်ပါတယ်။

ထို့အပြင် ၇ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ အခုလို ဒေါ်ဇင်မာအောင်ရဲ့ တရုတ်နှစ်ကူးသဝဏ်လွှာကို ချီးကျူးထားတဲ့ အတွေးအမြင်ပို့စ်တစ်ခုကိုပါပေါင်းစပ်ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုတစ်ခုလုံး သီတဂူဆရာတော် အကြောင်းမပါဝင်ပါဘူး။
ထို့အတူ Fact Crescendo Myanmar အနေနဲ့ သီတဂူဆရာတော်ဟာ ဒရုန်းနဲ့တိုက်ခိုက်၊ လုပ်ကြံခံခဲ့ရတယ်ဆိုတဲ့ အထောက်အထားမျိုး သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ မီဒီယာတွေမှာ မတွေ့ရပါဘူး။
သုံးသပ်ချက်
ဗွီဒီယိုအစမှာ သီတဂူဆရာတော် ဓာတ်ပုံနဲ့တကွ သီတဂူဆရာတော် ဒရုန်းနဲ့ ဗုံးကြဲခံရလို့ သေဆုံးဆိုပြီးတော့ ဖော်ပြထားပေမဲ့ တကယ်တမ်းဗွီဒီယိုတစ်ခုလုံးမှာ သီတဂူဆရာတော်နဲ့ပတ်သက်တာ တစုံတရာမပါဝင်ပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ NUG ရဲ့ တရုတ်နှစ်ကူး သဝဏ်လွှာပေးပို့မှု သတင်းကို ပြန်လည်ကူးယူဖော်ပြရာမှာ ထပ်မံစိတ်ဝင်စားမှုရရှိဖို့အတွက် ခေါင်းစဉ်တုနဲ့ ဖြန့်ချိလာ ခြင်းဖြစ်ပါတယ်။ သီတဂူဆရာတော် ဒရုန်းနဲ့ ဗုံးကြဲခံရတယ်ဆိုတာ မဟုတ်ပါဘူး။

Title:Fact Check: NUG ရဲ့ တရုတ်နှစ်ကူးသဝဏ်လွှာကို သီတဂူဆရာတော်လုပ်ကြံခံရဟု သတင်းခေါင်းစဉ်တုတပ် ဖြန့်ဝေ
Fact Check By: နေရာမောင်Result: False