Fact Check: အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦးထွက်ပြေးဆိုတဲ့ သတင်းမှား

False လူမှုရေး

အင်းစိန်ထောင်အတွင်းမှ ဝန်ထမ်း ၃၀၀ ဦး  ထွက်ပြေးသွားလို့ ဗိုလ်ချုပ်စိုးထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်ဆိုတဲ့ဗွီဒီယိုပို့စ်တစ်ခုပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှားဖြစ်ပါတယ်။ 

“အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးကုန်ပြီ။ ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်ပြီ”လို့ ရေးသားပြီး “Akon Thi Entertainment” အမည်နဲ့ Youtube Channel အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Youtube linkArchive link  

အလားတူတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ မှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

နိုဝင်ဘာ ၂၀ ရက်နေ့က  အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးကုန်ပြီ။ ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်ပြီ ဆိုပြီး ဗွီဒီယို မျက်နှာပြင် အဖွင့် စာသားမှာရေးသားထားပေမဲ့  ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲံ့ ပတ်သတ်တာ မပါဝင်ပါဘူး။  

အခြားသော မည်သည့် လွတ်လပ်တဲ့မီဒီယာတွေမှ လည်း အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦး ထွက်ပြေးကုန်ပြီ။ ဗိုလ်ချုပ်စိုးထွဋ်ကို ဖမ်းဆီးလိုက်ပြီ ဆိုတဲ့ သတင်းအကြောင်းအရာကို ဖော်ပြခြင်းမရှိပါဘူး။ 

အမှန်တကယ်တော့ နိုဝင်ဘာ ၂၀ ရက်နေ့က သံလွင်တိုင်းမ် သတင်းဌာနမှာဖော်ပြခဲ့တဲ့ အင်းစိန်ထောင်ဝန်ထမ်း (၃၀) နီးပါးထွက်ပြေးတယ်ဆိုတဲ့  သတင်းကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ သံလွင်တိုင်းမ် သတင်း ဌာနက ဖော်ပြထားခဲ့တဲ့ သတင်းကို အောက်တွင် ကြည့်ပါ။

မူရင်းလင်ခ့် – Than Lwin TimesArchive link  

သုံးသပ်ချက်အထက်အချက်တွေအရ အင်းစိန်ထောင်အတွင်းမှ ဝန်ထမ်း ၃၀၀ ဦး  ထွက်ပြေးသွားပြီ၊  ဗိုလ်ချုပ်စိုးထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်ဟာ လူအများစိတ်ဝင်စားမှုရရှိအောင် သတင်းခေါင်းစဥ် ဖန်တီး ပြုလုပ်ထားခြင်းမျိုးသာဖြစ်ပြီး  ဗွီဒီယို အတွင်းမှာ သတင်းခေါင်းစဥ်ပါ အကြောင်းအရာ မဟုတ်ဘဲ သံလွင်တိုင်းမ်းက ဖော်ပြခဲ့တဲ့သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းသာ ဖြစ်ပါတယ်။

Avatar

Title:Fact Check: အင်းစိန်ထောင်ဝန်ထမ်း ၃၀၀ ဦးထွက်ပြေးဆိုတဲ့ သတင်းမှား

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *