
တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို စစ်ကောင်စီ ရန်ကုန်က နှင်ထုတ်မယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။
ဒီဇင်ဘာ ၁၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။
“ထွန်းမြတ်နိုင်က ဆွေးနွေးဖို့ လက်မခံလို့
ရန်ကုန်က ရခိုင်လူမျိုး မှန်သမျှ
နှင်ထုတ်ဖို့ အမိန့်ချလို့လန့်ကုန်ပြီ(ရုပ်/သံ)”

မူရင်းလင်ခ့် – Youtube link | Archive link
၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာတော့ ရခိုင်တွေကို သတ်ဖို့လုပ်နေပြီလို့ဆိုထားပါတယ်။

“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတွေ ဒါမှမဟုတ် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။(ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။)
အခုလည်း ဗွီဒီယိုထဲမှာ အာရက္ခတပ်တော်(AA)က ဆွေးနွေးမှုကို လက်မခံလို့ ရခိုင်တွေ သတ်ပစ်ဖို့လုပ်ပြီ၊ ရန်ကုန်က ရခိုင်တွေကို နှင်ထုတ်ဖို့လုပ်ပြီလို့ ရေးသားဖြန့်ဝေထားပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မတွေ့ရပါဘူး။
ဒီအပြင် AA ကို စစ်တပ်က ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်ဆိုတဲ့ ပြောဆိုချက်လည်း မတွေ့ရသလို ရန်ကုန်မှာ ရခိုင်တွေကို ဦးတည်ဖမ်းဆီးနေတယ် ဒါမှမဟုတ် ရန်ကုန်ကနေထွက်ခွာသွားဖို့ နှင်ထုတ်နေတယ်ဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရပါဘူး။
တကယ်တမ်းမှာ ၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ “မြို့များ၊ တပ်စခန်းများနှင့်တိုင်းစစ်ဌာနချုပ်များကို လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်မည်”ဆိုတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်တချို့နဲ့ အခြားသော လုပ်ကြံရေးသားချက်တွေကို ပြန်လည်မျှဝေနေခြင်းသာဖြစ်တယ်။
Also read – Fact Check: ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ရာဇသံပေးတဲ့ သတင်းတု
သုံးသပ်ချက်
တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို ရန်ကုန်က နှင်ထုတ်မယ်၊ ရန်ကုန်မှာ မြန်မာစစ်တပ်က ရခိုင်တွေကိုပဲ ဦးတည်နှိပ်ကွပ်နေတယ်ဆိုတာ အထောက်အထားမတွေ့ရပါဘူး။ “Local Celegram”ဟာ လုပ်ကြံသတင်းတွေ ဖြန့်ချိနေတဲ့ နေရာတခုသာဖြစ်တယ်။
ပြောဆိုချက်- တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို ရန်ကုန်က နှင်ထုတ်မယ်

Title:Fact Check: တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို ရန်ကုန်က နှင်ထုတ်မယ်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False