Fact Check: ပြင်ဦးလွင်မှာ စစ်တပ်ယာဉ်တန်းကို PDF ကပစ်ခတ်တိုက်ခိုက်မှု သတင်းတု

False နိုင်ငံ‌‌ရေး

ဧပြီ ၁၇ ရက်နေ့က ပြင်ဦးလွင်မှာ စစ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုအဖြစ် ဖော်ပြထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၈ ရက်က မျှဝေထားတဲ့ ဗွီဒီယိုဟာလက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၈ သန်းကျော်ရရှိထားတယ်။

“17/4/2024

ပြင်ဦးလွင်လာနေတဲ့ စစ်ကား

ပုံးစွဲခံရ စိတ်တော်မကောင်းဘူး”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ARMA 3 ဆော့ဖ်ဝဲလ်လို စစ်ရေးဆိုင်ရာတွေကို စိတ်ကူးဖန်တီးရေးဆွဲလို့ရတဲ့ ဆော့ဖ်ဝဲလ်တခုသုံးပြီး ထုတ်လုပ်ထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ မူလဗွီဒီယိုလို့ ယူဆရတဲ့ ဗွီဒီယိုကို Msword2018 ဆိုတဲ့ ယူကျူ့ချန်နယ်ကတော့ ဧပြီ ၁၄ ရက်ကဖော်ပြထားတာကို အောက်ပါ လင့်ခ်မှာကြည့်ပါ။ ဒီဗွီဒီယိုမှာ “#army #arma3 #military #drone #arma2 #milsim #armagameplay #armajet #tank #war”ဆိုတဲ့ hashtag တွေအသုံးပြုပြီးတော့လည်း ဖော်ပြထားတွေ့ရပါတယ်။

ပြင်ဦးလွင်ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်မှုအပြီး စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်အစပ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အကျအရှုံးနဲ့ လက်နက်တွေ သိမ်းဆည်းရရှိမှု ဓာတ်ပုံကို ထုတ်ပြလာပါတယ်။ သို့ပေမဲ့ ဒီလို တိုက်ခိုက်မှုတွေအတွင်း ဗွီဒီယိုကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်လာတာမျိုးမတွေ့ရသေးပါဘူး။

သုံးသပ်ချက်

ဧပြီ ၁၇ ရက်နေ့က ပြင်ဦးလွင်မှာ စစ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုအဖြစ် ဖော်ပြထားတဲ့ ဗွီဒီယိုဟာ ARMA 3 ဆော့ဖ်ဝဲလ်လို စစ်ရေးဆိုင်ရာတွေကို စိတ်ကူးဖန်တီးရေးဆွဲလို့ရတဲ့ ဆော့ဖ်ဝဲလ်တခုသုံးပြီး ထုတ်လုပ်ထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။

ပြောဆိုချက်- ဧပြီ ၁၇ ရက်နေ့က ပြင်ဦးလွင်မှာ စစ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့ ဗွီဒီယို

Avatar

Title:Fact Check: ပြင်ဦးလွင်မှာ စစ်တပ်ယာဉ်တန်းကို PDF ကပစ်ခတ်တိုက်ခိုက်မှု သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *