
ဗိုလ်နဂါးရဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BRNA)က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာဟာ ချဲ့ကားရေးသားထားတဲ့ သတင်းမှားတခုသာ ဖြစ်တယ်။ တကယ်တမ်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့ BRNA တပ်ဖွဲ့က ပုလဲမြို့ကို အလုံးစုံ ထိန်းချုပ်ခါနီးမှာပဲ ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက် ဖြစ်တယ်။
“ဗိုလ်နဂါးလက်စွမ်းပြနေပြီ
ပုလဲမြို့သိမ်းတိုက်ပွဲ တပ်သား ၅၀၀၀ လောက် ဖမ်းခံရပြီ
AA ကလည်း ဝင်တိုက်နေပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“Mandalay Khitthit”အမည်နဲ့ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တပ်ကာ ဗွီဒီယိုကို ဖြန့်ချိပါတယ်။
အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းမှာဖော်ပြခဲ့တဲ့ “ပုလဲမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်နဂါးတပ် ဘာကြောင့်ဆုတ်ခွာခဲ့ရလဲ”ဆိုတဲ့ သတင်းဆောင်းပါး”ကို ပြန်လည်ဖတ်ကြားနေခြင်း ဖြစ်တယ်။ ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။
ဒီသတင်းဆောင်းပါး အပါအဝင် တခြား ပုလဲမြို့သိမ်းတိုက်ပွဲအကြောင်းဖော်ပြခဲ့တဲ့ သတင်းမီဒီယာ တွေမှာလည်း ဗိုလ်နဂါးတပ်ဖွဲ့က ပုလဲမြို့ကို သိမ်းပိုက်ခါနီးမှာ စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ခုခံကာကွယ်ခဲ့တာကြောင့် မြို့ပျက်စီးမှုများပြားခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေ ဖမ်းဆီးရရှိမှုကို ဖော်ပြခြင်းမရှိပါဘူး။ ဘီဘီစီ ဆောင်းပါးထဲမှာတော့ စစ်တပ်က မြေပြင်မှာ အင်အား ရာဂဏန်းနဲ့ ခုခံခဲ့ပြီး လေကြောင်းက အဓိက တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
သုံးသပ်ချက်
ဗိုလ်နဂါးရဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BRNA)က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိတယ်ဆိုတာ သတင်းမှားတခုသာဖြစ်တယ်။ BRNA ဟာ မြို့ကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရတာဖြစ်ပြီး စစ်သုံပန်းအများအပြား ဖမ်းဆီးရမိတယ် ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။
ပြောဆိုချက်-ဗိုလ်နဂါးရဲ့ BRNA တပ်ဖွဲ့က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရ

Title:Fact Check: ဗိုလ်နဂါးရဲ့ BRNA က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False