တရုတ်မှာ တော်လှန်ရေးအင်အားစုတွေအပ်ထားတဲ့ငွေတွေကို တရုတ် အစိုးရ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီလိုဖြန့်ဝေနေတဲ့အထဲမှာ မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ NUG၊ MNDAA၊ KIA၊ AA၊ TNLA တို့ရဲ့ တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်တွေကို တရုတ်အစိုးရက ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ သတင်းတု တခု သာဖြစ်တယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ ဘဏ္ဏာရေးဌာနကလည်း ဒီသတင်းဟာ မဟုတ်မမှန်လို့ တုန့်ပြန်ပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“ကြားဖြတ်သတင်း

MNDAA အပ်ထားသော တရုတ်အမျိုးသားများဘဏ်(CNB)နှင့် ယူနန်အစိုးရဘဏ်(YGB)မှ ယွမ် ၇.၈ဘီလီယံ

TNLA အပ်ထားသော ယူနစ်အစိုးရဘဏ်(YGB)မှ ၅ဘီလီယံ

AA အပ်ထားသော တရုတ်အစုစပ်ဘဏ်(CCB)မှ ၅.၈ ဘီလီယံ

KIA အပ်ထားသော တရုတ်နိုင်ငံခြားကုန်သွယ်မှုဘဏ်(CTB)မှ ၆.၁ဘီလီယံ

NUG အပ်ထားသော ဟောင်ကောင်စီးပွါးရေးဘဏ်(HBB)မှ ၅၂၈.၂သန်း အား တရုတ်အစိုးရမှ ဘဏ်အကောင့်များ အား ယနေ့တွင်ထပ်မံ ပိတ်သိမ်းခဲ့ပါသည်။”

C:-Users-User-Downloads-Untitled.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီလို တရုတ်နိုင်ငံနဲ့ ဟောင်ကောင်က ဘဏ်တွေမှာ ဖွင့်လှစ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေ ငွေအပ်နှံ ထားတယ်ဆိုတဲ့ ဘဏ်တွေ နာမည်ကို သုတေသနပြုရှာဖွေကြည့်ရာမှာ ဒီလို နာမည်နဲ့ ဘဏ်တွေ တရုတ်နိုင်ငံမှာ မရှိတာ တွေ့ရပါတယ်။ ဒီလို မျှဝေထားတဲ့ ပို့စ်ပါ တရုတ်အမျိုးသားများဘဏ်(CNB)၊ ယူနစ်အစိုးရဘဏ်(YGB)၊ တရုတ်အစုစပ်ဘဏ်(CCB)၊ တရုတ်နိုင်ငံခြား ကုန်သွယ်မှုဘဏ်(CTB)နဲ့ ဟောင်ကောင်စီးပွါးရေးဘဏ်(HBB) စတဲ့ ဘဏ်နာမည်တွေကို Fact Crescendo Myanmar အနေနဲ့ ရှာဖွေကြည့်ရာမှာ ဒီလို နာမည်တူတဲ့ ဘဏ်တွေ တရုတ်နိုင်ငံမှာ ရှိမနေပါဘူး။(ဒီလင်ခ့်၊ ဒီလင့်ခ် တွေကိုကြည့်ပါ)

ဒီအပြင် ပျံ့နှံ့နေတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုး(NUG) ဘဏ္ဏာရေးဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်း ဒီလို တရုတ်ဘဏ်မှာအပ်ထားတဲ့ သတင်းဟာ မဟုတ်ကြောင်း ရှင်းလင်းထားတယ်။

C:-Users-User-Downloads-Untitled.png

သုံးသပ်ချက်

တရုတ်မှာ တော်လှန်ရေးအင်အားစုတွေအပ်ထားတဲ့ငွေတွေကို တရုတ် အစိုးရ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပြီး သတင်းတုဖြန့်ဝေမှုမှာပါတဲ့ ဘဏ်တွေအမည်နဲ့ တရုတ်နိုင်ငံမှာ ရှိမနေပါဘူး။ ဒီလို တရုတ်ဘဏ်မှာ အပ်ထားတဲ့ သတင်းဟာ မဟုတ်ကြောင်း NUG ဘဏ္ဏာရေးဝန်ကြီးကလည်း ငြင်းဆိုထားတယ်။

Avatar

Title:Fact Check: တော်လှန်ရေးအင်အားစုတွေရဲ့ ဘဏ်အကောင့်တွေကို တရုတ် အစိုးရ ပိတ်သိမ်းတဲ့ သတင်းတု

Written By: နေရာမောင်

Result: False