Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုများ ဆက်တိုက်ဖြန့်ဝေနေ

Misleading နိုင်ငံရေး | Politics

ယခုရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုတွေ ဆက်တိုက်ဖြန့်ဝေနေပြီး ပျံ့နှံ့မှုလည်း အားကောင်းနေတာတွေ့ရပါတယ်။ 

ဒီဇင်ဘာ ၃၁ ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုတဲ့ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

“နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အနေနဲ့

လူထုခေါင်းဆောင် ဒေါ်စုကို လွတ်ပေးပြီဟု

အမိန့်စာနဲ့အတူ မအလ ထုတ်ပြန်ကြေညာပြီ”

C:\Users\User\Downloads\Firefox_Screenshot_2024-12-31T10-58-18.878Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒီလို ဗွီဒီယိုတွေကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေက သတင်းတွေကို ကူးယူ‌‌ဖော်ပြပြီး သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ၊ လွှတ်ပေးတော့မယ်ဆိုတဲ့ ‌ဖော်ပြချက်မတွေ့ရပါဘူး။ 

“Star Vibes”အမည်နဲ့ ယူကျု့ချန်နယ်ရဲ့ သတင်းတု ဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ ကြည့်ပါ။ အခြားသော ချန်နယ်တွေဖြစ်တဲ့ “Mandalay khitthit”၊ “Local Celegram”နဲ့ “Khit Thit channel”တို့ရဲ့ သတင်းတု ဖြန့်ဝေမှုတွေကို အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်၊ ဒီလင်ခ့်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ 

ထပ်မံပြီးတော့ “Star Vibes”ယူကျူ့ချန်နယ်ရဲ့ ၂ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုဖိုင်ပါဖော်ပြချက်ကို ကြည့်ရအောင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ လွှတ်ပေးဖို့ သားဖြစ်သူ ကင်အဲရစ်နဲ့ ဗြိတိနိုင်ငံခြားရေးဝန်ကြီးဟောင်း ၃ ဦးက ထပ်မံတောင်းဆိုလိုက်တယ်လို့ ပြောဆိုထားပါတယ်။ တကယ်တော့ ဒီဖော်ပြချက်ဟာလည်း အထောက်အထားမရှိပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းသုံးဦးက ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မှာ တိုက်တွန်းခဲ့ပြီး ဘယ်နေ့ကို လွှတ်ပေးဖို့ဆိုတဲ့ ထပ်မံတောင်းဆိုချက်မျိုးတော့ မတွေ့ရပါဘူး။ 

Also read – Fact Check: ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သူ့သား ကြေညာဆိုတဲ့ သတင်းတု

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မယ်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ မဟုတ်ပါဘူး။ ဒီသတင်းကို ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေက ‌ဖော်ပြနေတာမဟုတ်ဘဲ လုပ်ကြံသတင်းမှားတွေ ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေ မှာသာ တွေ့ရပါတယ်။

ပြောဆိုချက်- နှစ်သစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မယ်

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုများ ဆက်တိုက်ဖြန့်ဝေနေ

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *