
ရူပဗေဒကို အံတုနိုင်တဲ့ UFO တိုက်လေယာဉ်ကို SpaceX နဲ့ Telsa တို့ရဲ့ နောက်ကွယ်က သူဌေးကြီး အီလွန်မက် (Elon Musk)က ထုတ်လုပ်လိုက်ပြီလို့ ဆိုထားတဲ့ ပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ တကယ်တော့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။
ဒီဇင်ဘာ ၁၇ ရက်က ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့နဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။
“Elon Musk သည် ရူပဗေဒကို အံတုနိုင်သော UFO တိုက်လေယာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။
SpaceX နှင့် Tesla တို့၏နောက်ကွယ်မှ ဘီလီယံနာသူဌေးကြီး Elon Musk သည် ယနေ့ အံ့မခန်းသော ထုတ်ဖော်ပြသမှုတစ်ခုတွင် “သမားရိုးကျ ရူပဗေဒကို အံတုနိုင်သော ပထမဆုံး UFO တိုက်လေယာဉ်” ဖြစ်သည်ဟု ထုတ်ဖော်ပြသခဲ့သည်။ Ethereon ဟု အမည်ပေးထားသည့် အဆိုပါ အာကာသယာဉ်သည် ကွမ်တမ် ရူပဗေဒဆိုင်ရာ အခြေခံမူများကို အခြေခံ၍ ဒြပ်ဆွဲအားကို ဆန့်ကျင်သော ဒြပ်ဆွဲအားကို ကျော်လွန်သည့် တွန်းကန်အား နည်းပညာဖြင့် တပ်ဆင်ထားသည်ဟု ဆိုသည်။”
မူရင်းလင်ခ့် – Facebook link | Archive link
အချက်အလက်စိစစ်ချက်
“AI အသုံးပြုထုတ်လုပ်ထာတဲ့ဓာတ်ပုံ” တွေ စိတ်ဝင်စားဖွယ်ရေးသားပြောဆိုချက်တွေ ပေါင်းစပ်ထားခြင်းဖြစ်တာ တွေ့ရပါတယ်။ မြေကြီးရဲ့ဆွဲအားကို လွန်ဆန်ပြီး ရူပဗေဒကို ဆန့်ကျင်ပျံသန်းမယ်ဆိုတဲ့ ကမ္ဘာ့မှာ ထိပ်တန်းတီထွင်မှုတခုဖြစ်တဲ့ ဒီအကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မရှိပါဘူး။ (ဘီဘီစီ၊ စီအန်အန် နဲ့ ရိုက်တာ တို့ကိုကြည့်ပါ)
အီလွန်မက်ဟာ အာဏာသလွန်းပျံနည်းပညာကုမ္ပဏီ SpaceX နဲ့ ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီ Tesla ကို ပိုင်ဆိုင်ထားပြီး ဒီကုမ္ပဏီတွေရဲ့ တရားဝင်ဝက်ဆိုက်တွေ အခုပြောဆိုချက်ပါ UFO fighter jet ထုတ်ဖော် ပြသမှုအကြောင်း ပြောဆိုထားတာမတွေ့ရပါဘူး။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ)
ဒါပေမဲ့ အင်္ဂါဂြိုဟ်ပေါ် လူသားတွေ သွားလာနိုင်ရေး အထိ ရည်မှန်းထားတဲ့ Starship ဆိုတဲ့ စီမံကိန်းမျိုး အီလွန်မက်ဟာ ဆောင်ရွက်နေသလို လူသားဦးနှောက်နဲ့ ချိတ်ဆက်ပြီး စက်ရုံကို ခိုင်းစေနိုင်မယ့် နည်းပညာမျိုးတွေမှာ သုတေသနပြုတီထွင်နေပါတယ်။ ဒါပေမဲ့ ဒီနည်းပညာတွေကို စီမံကိန်းတွေအကြောင်း သူ့ရဲ့ ကုမ္ပဏီဝက်ဘ်ဆိုဒ်တွေမှာဖော်ပြချက်ရှိပေမဲ့ အခုလို UFO အကြောင်းတော့ ဖော်ပြချက်မရှိပါဘူး။
သုံးသပ်ချက်
ရူပဗေဒကို အံတုနိုင်တဲ့ UFO တိုက်လေယာဉ်ကို အီလွန်မက် က ထုတ်လုပ်လိုက်ပြီ အထောက်အထား မတွေ့ရပါဘူး။ ဓာတ်ပုံတွေဟာ ဉာဏ်ရည်တုနည်းပညာအသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်သလို ခေတ်လွန်နည်းပညာတခုဖြစ်တဲ့ ရူပဗေဒကို ဆန့်ကျင်မယ့် နည်းပညာအကြောင်းကို သတင်းတွေမှာလည်း ဖော်ပြချက်မတွေ့ရပါဘူး။

Title:Fact Check: ရူပဗေဒကို အန်တုမယ့် UFO တိုက်လေယာဉ် အီလွန်မက် ထုတ်လုပ်လိုက်ပြီလား-မဟုတ်ပါ
Written By: နေရာမောင်Result: False