Fact Check: လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာစစ်ခေါင်းဆောင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး UN က ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

နိုင်ငံရေး | Politics

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး ကုလသမဂ္ဂ(UN)က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ 

ဇန်နဝါရီ ၂၆ ရက်မှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“AA ခေါင်းဆောင်(၂)ဦးနဲ့အတူမင်းအောင်လှိုင်ကို 

UN ဖမ်းဝရမ်းထုတ်ပြီး ကမ္ဘာ့ရဲတပ်ဖွဲ့ကို စေလွှတ်

လူမျိုးတုန်းသတ်လို့ အဖြစ်ဆိုးကြုံကြရပြီ”

C:\Users\User\Downloads\Firefox_Screenshot_2025-01-27T13-27-55.167Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားမှုတွေဖြန့်ဝေတာ၊ သတင်း မီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ဝေတာတွေ ပြုလုပ်နေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

ဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြနေတာက လွတ်လပ်တဲ့ အာရှအသံသတင်းဌာနကဖော်ပြခဲ့တဲ့  “စစ်စည်းကမ်းချိုးဖောက်သူတွေကို တရားစီရင်ဖို့ ပြင်ပအကူအညီ မလိုကြောင်း AA တုံ့ပြန်”ဆိုတဲ့ အကြောင်းအရာတွေကို ပြန်လည်‌ဖော်ပြနေခြင်းဖြစ်တယ်။  ရခိုင်ပြည်နယ်အတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါမှမဟုတ် အရပ်သားတွေကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်ပြီးသတ်ဖြတ်မှုကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ တောင်းဆိုလိုက်ပြီးနောက် ဒီအမှုကို တရားစီရင်ဖို့ ပြင်ပက အကူအညီမလိုအပ်ဘူးလို့ အာရက္ခ တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခ က လွတ်လပ်တဲ့အာရှအသံကို တုန့်ပြန်ပြောကြားမှု သတင်းပဲဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီလင့်ခ်မှာကြည့်ပါ။

C:\Users\User\Downloads\Firefox_Screenshot_2025-01-27T13-56-38.320Z.png

သုံးသပ်ချက်

 “Star Vibes”ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံ သတင်းရေးသားဖြန့်ဝေတာတွေ ပြုလုပ်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာစစ်ခေါင်းဆောင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး UN က ဖမ်းဝရမ်းထုတ်တယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာစစ်ခေါင်းဆောင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး UN က ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

Written By: နေရာမောင်  

Result: False