မန္တလေးမြို့တွင်းကို KIA နဲ့ PDF ဝင်စီးတိုက်ခိုက်ရာ စစ်တပ်က ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု ဗွီဒီယိုတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“မန္တလေးမြို့ မီးတောက်ပြီ

နာရီဝက်အတွင်း စကစတပ်တွေ ရာနဲ့ချီ ကျဆုံး

မန္တလေးမြို့တွင်း KIA,PDFတပ်မှ ဝင်စီး၊စစ်ခွေး ရာနဲ့ချီ ကျဆုံး၊ ပြည်သူတွေ အကုန်ထွက်ပြေးတိမ်းရှောင်”

C:-Users-User-Downloads-Firefox_Screenshot_2024-08-26T10-53-53.569Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Share Local Media”ဟာ အခုလိုပဲ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာကြည့်ပါ။

တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ The Voice of Spring သတင်းဌာနကဖော်ပြခဲ့တဲ့ “လက်ပံတန်းမြို့နယ် စကစ စစ်ကြောင်းကို PDF က တိုက်ခိုက်ရာ စကစ ၂၀ ကျော်သေဆုံး၊ လက်နက် ၃၀ လက် သိမ်းဆည်းရရှိ”၊ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မြင်းခြံမြို့ နန်းမြင့်ဂိတ်ကို ထွက်လာသည့် ပျူစောထီး‌ ခေါင်းဆောင် သီတာယုမွန်အဖွဲ့ကို PDF တပ်ဖွဲ့က စောင့်ကြို တိုက်ခိုက်၊ ရေးမြို့နယ်တွင် စစ်တပ် ကင်းပုန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး”၊ လူထုနွေဦးသတင်းဌာနက‌ဖော်ပြခဲ့တဲ့ “မောင်တောမြို့ကို အလုံးစုံထိန်းချုပ်နိုင်တော့မည်ဟု AA ​​ကြေညာ”၊ VOA Burmese သတင်းဌာနကဖော်ပြတဲ့ “မြန်မာမှာ အကြမ်းဖက်မှု အဆုံးသတ်ဖို့ ကုလတောင်းဆို”စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။

ဗွီဒီယိုတခုလုံးမှာလည်း မန္တလေးမြို့တွင်းကို KIA နဲ့ PDF ဝင်စီးတိုက်ခိုက်ရာ စစ်တပ်က ရာနဲ့ချီပြီး ကျဆုံးခဲ့တယ် ဆိုတဲ့အကြောင်းလည်း မပါဝင်ပါဘူး။

သုံးသပ်ချက်

မန္တလေးမြို့တွင်းကို KIA နဲ့ PDF ဝင်စီးတိုက်ခိုက်ရာ စစ်တပ်က ရာနဲ့ချီပြီး ကျဆုံးခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတွေတပ်ပြီး ဖြန့်ဝေလေ့ရှိတဲ့ ချန်နယ် တခုဖြစ်တာတွေ့ရပါတယ်။

ပြောဆိုချက်- မန္တလေးမြို့တွင်းကို KIA နဲ့ PDF ဝင်စီးတိုက်ခိုက်ရာ စစ်တပ်က ရာနဲ့ချီပြီး ကျဆုံးခဲ့တယ်

Avatar

Title:Fact Check: မန္တလေးမြို့တွင်းကို KIA နဲ့ PDF ဝင်စီးတိုက်ခိုက်ရာ စစ်တပ်က ရာနဲ့ချီ သေဆုံးဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False