Fact Check: KIA ပစ်ချခဲ့တဲ့ ထောက်ပို့လေယာဉ်ပေါ်ပါ စစ်တပ်က အရာရှိ ၂၀၀ သေဆုံးဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

စစ်တပ်ထောက်ပို့လေယာဉ်ကို KIA က ပစ်ချလိုက်တာမှာ လိုက်ပါလာတဲ့ အရာရှိ ၂၀၀ လုံးသေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ ရဟတ်ယာဉ်ပစ်ချမှု သတင်းဟာ မှန်ပေမဲ့ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တပ်ထားခြင်းဖြစ်တယ်။   

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါ ပြောဆိုချက်ကောက်နုတ်ချက်နဲ့ စခရင်ရှော့ကို အောက်မှာကြည့်ပါ။

“အရာရှိစစ်ခွေး(၂၀၀)လိုက်ပါတဲ့‌ထောက်ပို့လေယာဉ်ပျံ KIA ပစ်ချလိုက်ပြီဟေ့ သကေုန်ပြီ”( မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဇန်နဝါရီ ၃ ရက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က စစ်တပ်ထောက်ပို့ရေး ရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ကြောင်း မီဒီယာတွေမှာ သတင်း‌‌ဖော်ပြခဲ့ကြပါတယ်။ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။  

ဝိုင်းမော်မြို့နယ်မှာ MI-17 စစ်ဘက်သုံးရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ပြီး ဒီရဟတ်ယာဉ်ပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅  ဦးထက်မနည်းသေဆုံးကာ တဦးဒဏ်ရာနဲ့ ဖမ်းဆီးထားကြောင်း KIA သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်းတွေမှာဖော်ပြပါတယ်။

ဒီအပြင် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်ကို အရှင်ဖမ်းမိ၊ တွဲဘက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ကောင်းစံသိန်းလည်း သေဆုံးတဲ့အထဲမှာ ပါဝင်ခဲ့တယ်လို့ KIA သတင်းအရင်းအမြစ်ကိုကိုးကားပြီး ရန်ကုန်ခေတ်သစ်မီဒီယာမှာ ဖော်ပြပါတယ်။

အောက်ပါစခရင်ရှော့ကတော့ သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ ဒီရဟတ်ယာဉ်ပျက်ကျမှု သတင်းဖြစ် တယ်။

သုံးသပ်ချက်

ဝိုင်းမော်မြို့နယ်မှာ MI-17 စစ်ဘက်သုံးရဟတ်ယာဉ်တစီးကို KIA ပစ်ချခဲ့ပြီး ဒီရဟတ်ယာဉ်ပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးတာကို သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး သတင်းမီဒီယာတွေမှာဖော်ပြပါတယ်။ MI-17 ရဟတ်ယာဉ်ဟာ စစ်သားပေါင်း ၂၀၀ အထိလိုက်ပါနိုင်တယ် သို့မဟုတ် လိုက်ပါသွားတယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ ရဟတ်ယာဉ်ပျက်ကျမှုမှာ လိုက်ပါသွားတဲ့ စစ်တပ်က အရာရှိ ၂၀၀ သေဆုံးမှုဆိုတာ ချဲ့ကားထားတဲ့ သတင်းမှားဖြစ်တယ်။ 

ပြောဆိုချက်- KIA ပစ်ချခဲ့တဲ့ ထောက်ပို့လေယာဉ်မှာ စစ်တပ်က အရာရှိ ၂၀၀ လုံးသေဆုံး

Avatar

Title:Fact Check: KIA ပစ်ချခဲ့တဲ့ ထောက်ပို့လေယာဉ်ပေါ်ပါ စစ်တပ်က အရာရှိ ၂၀၀ သေဆုံးဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *