Fact Check: နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

မတ် ၄ ရက်က နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးလို့ ရာနဲ့ချီသေဆုံးတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၄ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်အထိရှိထား တယ်။

“ခုည နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးနေပြီး အသေအပျောက် ရာနဲ့ချီ ရှိ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ တကယ်တော့ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ ကို လုပ်ကြံရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ နေပြည်တော်ကို KNU နဲ့ AA က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုတဲ့သတင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ 

တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “PDF များ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင် နေသည့်အဖွဲ့မှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမည်ဟု AA ပြောဆို”တဲ့ သတင်းကို ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တယ်။ မတ် ၄ ရက်က AA ရဲ့  သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းကို AA ပြောခွင့်ရ ခိုင်သုခက ပြန်လည်ဖြေကြားချက်လည်းဖြစ်တယ်။

သုံးသပ်ချက်

မီဒီယာတခုက မူလဖော်ပြခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင် နေသည့်အဖွဲ့မှန်သမျှ မိတ်ဆွေအဖြစ် သတ်မှတ်ပြီး အကူအညီပေးမယ်လို့ AA ပြောတဲ့ သတင်းကို နားလည်မှုလွဲစေနိုင်တဲ့ လုပ်ကြံသတင်းတွေ ဖြန့်ချိနေခြင်း ဖြစ်တယ်။ နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးတယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးလို့ ရာနဲ့ချီသေဆုံး

Avatar

Title:Fact Check: နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *