Fact Check: KNU ဆီက သိမ်းဆီးရမိတဲ့ လက်နက်တွေလား- မဟုတ်ပါ

စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေက  KNU တပ်မဟာ ၆ နယ်မြေက PDF စခန်းကို တိုက်ခိုက် သိမ်းပိုက်စဉ်မှာ လက်နက်တွေသိမ်းဆည်းရမိခဲ့ပြီး မုဒိန်းကျင်သတ်ဖြတ်ထားတဲ့ အလောင်း ရာဂဏန်း တွေ့ခဲ့ရတယ်လို့ ရေးသားပြီး ဓာတ်ပုံ ၃ ပုံနဲ့အတူ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာတွေ့ရပါတယ်။  လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ စာသား ကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “KNU.တပ်မဟာ…၆ ယုတ်မာရက်စက်စက်မှု့တွေကို….နယ်မြေရှင်း တိုက်ခိုက်သုတ်သင်နေတဲ့  တပ်တွေ အဝင်မခံတာ ဒါကြောင့်ကိုး…. KNU.တပ်မဟာ ၆…သူတို့နယ်မြေထဲ စစ်ကြောင်း တပ်မတော်နဲ့ ကရင်မင်းသားBGFတပ်တွေရှာဖွေဖော်ထုတ်ခဲ့တယ် သိမ်းပိုက်မိတဲ့ လက်နက် ခဲယမ်းအသုံးအဆောင် ပစ္စည်းတွေအပြင် လူသတ်မုဒိမ်းကျင့်…. မြှုတ်နှံထားတဲ့ လူသေကျင်းတွေ အများကြီးကြီး တွေ့ရတယ်….ခန့်မှန်း အလောင်းအရေအတွက်..၅၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရ၏ တပ်မဟာ […]

Continue Reading

Fact Check: နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးတဲ့ သတင်းတု

မတ် ၄ ရက်က နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးလို့ ရာနဲ့ချီသေဆုံးတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၄ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်အထိရှိထား တယ်။ “ခုည နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးနေပြီး အသေအပျောက် ရာနဲ့ချီ ရှိ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ တကယ်တော့ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ […]

Continue Reading

Fact Check: KNU နဲ့ဆက်သွယ်လို့ အနုပညာရှင်တွေ အဖမ်းခံရဆိုတဲ့ သတင်းတု

ကရင်အမျိုးသားအစည်းအရုံး(KNU)ထဲ ဝင်ဖို့လုပ်တဲ့အတွက် အနုပညာရှင်တွေ အဖမ်းခံရတယ်လို့ဆိုထားတဲ့ သတင်းမှားဗွီဒီယိုတွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၆ ရက်ကစတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ကျော်ရရှိ ထားတယ်။ “KNU ထဲသွားမယ့် မြင့်မြတ် အဖမ်းခံရပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီအပြင် သရုပ်ဆောင်နေတိုး၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့လည်း KNU ထဲသွားဖို့ ပြင်နေစဉ်အဖမ်းခံရတယ် ဆိုပြီးတော့ ရေးသားမျှဝေထားပါသေးတယ်။ ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ Channel P အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အနုပညာရှင်တွေနဲ့ ပတ်သတ်တဲ့ အကြောင်း […]

Continue Reading

Fact Check: အဖွဲ့ ၂၁ ဖွဲ့ပေါင်းပြီး နေပြည်တော်ကို သိမ်းမယ်လို့ KNU ဥက္ကဌကြေညာတဲ့ သတင်းတု

လက်နက်ကိုင် ၂၁ ဖွဲ့ ပူးပေါင်းပြီး နေပြည်တော်ကို အပြီးဝင်သိမ်းမယ်လို့ KNU ဥက္ကဌကြေညာလိုက်ပြီနောက် နေပြည်တော်က စစ်ဗိုလ်ချုပ်တွေနုတ်ထွက်ကုန်တယ်လို့ဆိုလိုထားတဲ့  ဗွီဒီယိုတခု ယူကျူ့မှာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လက်နက်ကိုင်(၂၁)ဖွဲ့ ပူးပေါင်းပြီး နေပြည်တော်ကို အပြီးဝင်သိမ်းမည်ဟု KNUဥက္ကဌကြေညာ စစ်ဗိုလ်ချုပ် ၉၆ ဦးချက်ချင်းနုတ်ထွက်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တော့ ဒီဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ လူထုနွေဦးသတင်းစာမျက်နှာဖော်ပြခဲ့တဲ့ “စစ်ပွဲများလာပါက လူထုတစ်ရပ်လုံး၏ အနာဂတ် အကျိုးစီးပွားအတွက်ဟုနားလည်ရန် KNU ဥက္ကဋ္ဌ အသိပေး”ဆိုတဲ့ အကြောင်းအရာကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီသတင်းထဲမှာ KNU  ဥက္ကဌက  စစ်ကောင်စီပြုတ်ကျရေးအတွက် စစ်ပွဲတွေ […]

Continue Reading

Fact Check: KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြဝတီမြို့သိမ်းတိုက်ပွဲ စတင်တဲ့ သတင်းခေါင်းစဉ်တု

KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြို့သိမ်းတိုက်ပွဲစတင်တဲ့ သတင်းခေါင်းစဉ်တုပို့စ်တခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့  ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြဝတီမြို့ သိမ်းတိုက်ပွဲစပြီ။” တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မြဝတီမြို့မှာ တိုက်ပွဲဖြစ်တဲ့ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ သို့ပေမဲ့ ကော့ကရိတ်မြို့မှာတော့ KNU နဲ့ မဟာမိတ်တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်းတွေ့ရပြီး မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ကော့ကရိတ်မြို့တိုက်ပွဲနဲ့ ပတ်သတ်တဲ့ သတင်းဖော်ပြချက် တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ ဒီလိုပဲ တိုက်ပွဲတွေကြောင့် ယာယီပိတ်ထားရတဲ့ ကော့ကရိတ်-မြဝတီလမ်းပိုင်း ပုံမှန်အတိုင်း […]

Continue Reading

Fact Check: ပဲခူး ဒေးစွန်ပါသာသနာ့နယ်မြေကို KNU နဲ့ PDF ဖျက်ဆီးမှုသတင်းမှား

ပဲခူးမြို့ ဘုရားကြီး ဒေးစွန်ပါသာသနာ့နယ်မြေက ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ အဆောက်အဦတွေကို KNU နဲ့ PDF ကဝင်ရောက်ဖျက်ဆီးသွားတယ်လို့ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ချိလျက်ရှိ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ ဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ KNU နဲ့ PDF  တွေက ဒီလိုဖျက်ဆီးခဲ့တာလို့ လည်းဆိုထားပါတယ်။အောက်ပါစခရင်ရှော့ကို ကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “❗️အကြမ်းဖက်မှုအားရှုတ်ချပါသည်❗️ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဒေးစွန်ပါသာသနာ့နယ်မြေရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနာနိက အဆောက်အဦများကို ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။ #thazinoo_သူရိယနေဝန်း” မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ကြောင်း ဗိုလ်မှူးကြီး ၅ ဦး တိတ်တဆိတ်အဖမ်းခံလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၉)ရက်နေ့ နံနက်ခင်းအထူးသတင်း မယုံဘူးပြောနေတဲ့ (ဘောမ)ကြည့်ထားကြ ရန်ကုန်မြို့ကို KNU ၊PDF ထိန်းလိုက်ပြီ ဗိုလ်မှူးကြီး(၅)ဦး တိတ်တဆိတ်ဖမ်းလိုက်ပြီ”လို့ရေးသားထားတာကို “Burmese Television”အမည်နဲ့ ယူကျူ့ ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ရန်ကုန်မြို့ကို KNU PDF ထိန်းချုပ်လိုက်ကြောင်း ဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အမှန်မှာတော့ […]

Continue Reading

Fact Check: BGF ဗိုလ်မှူးကြီး စောချစ်သူ လက်နက်ချအလင်းဝင်ပြီး KNU နဲ့ပူးပေါင်းလိုက်တဲ့ သတင်းတု

BGF ဗိုလ်မှူးကြီး စောချစ်သူ KNU ဆီလက်နက်ချအလင်းဝင်ပြီး ပူးပေါင်းလိုက်တဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ “June 27, 2023 စောချစ်သူ KNU နဲ့ပူးပေါင်းလိုက်ပြီ”လို့ ဗွီဒီယိုခေါင်းစီမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “BGF ခေါင်းဆောင်စောချစ်သူ KNU ထံလက်နက်ချ အလင်းဝင်ပြီ စစ်တပ်ကို ပြန်တိုက်ဖို့ အမိန့်ပေးလိုက်ပြီ” စသည်ဖြင့်လည်းရေးသားထားပါတယ်။ အလားတူရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ မူရင်းလင်ခ့် – Youtube  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုဟာ သတင်းမီဒီယာတွေဆီက သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖော်ပြလေ့ရှိတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေရဲ့ ဖော်ပြချက်သာဖြစ်တယ်။ “Share Local […]

Continue Reading

Fact Check: KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်မှာ သေဆုံးတဲ့ သတင်းမှား

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ဧပြီ ၁၉ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုကိုအောက်ပါအတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ စစ်တပ်ခေါင်းဆောင်နဲ့ KNU ဥက္ကဌ တွဲထိုင်နေတဲ့ ဓာတ်ပုံ၊ ဆေးရုံကုတင်ပေါ်တင်ထားရတဲ့ KNU ဥက္ကဌရဲ့ ဓာတ်ပုံတွေပါဝင်ပြီး “၁၉ ရက်နေ့ ၊ သေမင်းခေါ်ပြီဗျို့၊ မင်းအောင်လှိုင်နဲ့ ပေါင်းစားနေတဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီ”(မူရင်းအရေးအသား) လို့ ရေးသားထားပါတယ်။  ဗွီဒီယိုခေါင်းစီးစာသားမှာတော့ “#Up to Date :; ထိုင်းနိုင်ငံမှာ KNUဥက္ကဋ္ဌကြီး သေမင်းခေါ်တာ ခံရပြီဗျို့ #burma #သတင်း”ဆိုပြီး ရေးသားထားပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမှား

KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ် ကားတန်းမိုင်းဆွဲခံရ၊ပွဲချင်းပြီး မသာပေါ်” စသည်ဖြင့်ရေးသားပြီး “Appreciate news”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ရဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့ စီးနင်းလိုက်ပါလာတဲ့ ကားမိုင်းဆွဲခံရတယ်ဆိုတဲ့ သတင်းမှားဟာ ဖေ့စ်ဘွတ်မှာ ပျံံနှံ့မှုအားကောင်းခဲ့ပြီးနောက် အခုလို KNU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့မိုင်းဆွဲခံရပြီးသေဆုံးဆိုပြီးထပ်မံဖြန့် ဝေလာတာပါ။ ဧရာဝတီသတင်းဌာနက KNU ဥက္ကဌနဲ့ […]

Continue Reading