Fact Check: MNDAA ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလို့ လားရှိုးက တရုတ်ရာနဲ့ချီကို MNDAA ကဖမ်းဆီးဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလိုက်ပြီး နောက် လားရှိုးမြို့က တရုတ်နိုင်ငံသား ရာနဲ့ချီကိုလည်း MNDAA က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။ 

နိုဝင်ဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး လက်ရှိအချိန်အထိ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“MNDAA ချက်ချင်းကလဲ့စား‌ ချေလိုက်ပြီ

ကိုးကန့်ခေါင်းဆောင် အဖမ်းခံရပြီးနောက် လာရှို့မြို့ပေါ်ရှိ

တရုတ်နိုင်ငံသား ရာနဲ့ချီ MNDAA ဖမ်းဆီး”

C:\Users\User\Downloads\Firefox_Screenshot_2024-11-21T13-03-31.322Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ချိနေတာ တွေ့ရပါတယ်။ Fact Crescendo Myammar အနေနဲ့ ဒီချန်နယ်နဲ့ပတ်သက်ပြီး အချက်လက်စိစစ်ချက်တွေ ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေကို ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌‌ နိုဝင်ဘာ ၁၈ ရက်မှာ ဖော်ပြခဲ့တဲ့ “ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီ”ဆိုတဲ့ သတင်းကို ပြန်လည်မျှဝေထားတာဖြစ်တယ်။ 

C:\Users\User\Downloads\Untitled.jpg

ဒီအပြင် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရေဖြူတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်”နဲ့ “လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး”စတဲ့ သတင်းတွေကို ပြန်လည်ဖြန့်ဝေထားတယ်။

သုံးသပ်ချက်

“Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုတွေ ဖြန့်ချိနေချိနေတဲ့ နေရာတခု ဖြစ်ပြီး MNDAA က သူတို့ခေါင်းဆောင် ဖမ်းဆီးခံရမှုကို တုန့်ပြန်တဲ့အနေနဲ့ လားရှိုးက တရုတ်နိုင်ငံသားတွေကို ပြန်လည်ဖမ်းဆီးလိုက်တယ်ဆိုတာ အထောက်အထားမရှိဘဲ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရတယ်။

Avatar

Title:Fact Check: MNDAA ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလို့ လားရှိုးက တရုတ်ရာနဲ့ချီကို MNDAA ကဖမ်းဆီးဆိုတဲ့ သတင်းမှား

Written By: နေရာမောင်  

Result: False