
ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းမှား ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ မိုးကောင်းမှာ ဗိုလ်ကြီးတစ်ယောက် PDF ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးမှုသတင်း ကို လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။
“အမေစုနာရေးသတင်းစစ်တပ်ထုတ်ပြန်။သေချာလားစုံစမ်းနေဆဲပါ”လို့ ရေးသားပြီး “Was was” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေခဲ့တာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာလည်း “ဒေါ်စုသေပြီဟု စစ်တပ်ဘက်ကထုတ်ပြန် တကယ်လားစုံစမ်းနေဆဲပါ”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၈၀ ဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကိုဖြန့်ချိရာမှာ ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်လို့ ရေးသားထားပေမဲ့ ဒီလိုမျိုးသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မတွေ့ရသလို စစ်တပ်ထိန်းချူပ်ထားတဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မတွေ့ရပါဘူး။
ထို့အပြင် ဗွီဒီယိုကိုလေ့လာရာမှာ တစ်မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ဒေါ်အောင်ဆန်းစုကြည်သေဆုံး မှုအကြောင်းမပါဝင်ပါဘူး။ ဗွီဒီယိုထဲမှာဖတ်ကြားနေတဲ့ သတင်းအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ် သတင်းဌာနကဖော်ပြခဲ့တဲ့ “မိုးကောင်းတွင် PDF၏ ပစ်ခတ်မှုခံခဲ့ရသော ခလရ ၇၄ တပ်မှ ဗိုလ်ကြီး ဇင်မင်းဦး ဆေးရုံတက်ရောက် ကုသရာမှ ယနေ့ သေဆုံး”ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

မူရင်းလင်ခ့် – Khit Thit Media | Archive link
သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတာ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အမှန်တကယ်မှာ မီဒီယာတစ်ခုမှာဖော်ပြခဲ့တဲ့ စစ်တပ်က ဗိုလ်ကြီးတစ်ဦး PDF က ဝိုင်းဝန်းပစ်ခတ်ခံရလို့ သေဆုံးမှုသတင်းကို တလွဲ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။
ပြောဆိုချက် – ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: Zun ZeeResult: False