Fact Check: တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာလိုက်တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက် ကိုကြည့်ပါ။ 

“တောင်ကြီးမြို့သိမ်းပြီဟေ့

တောင်ကြီးမြို့ကို အပီးသတ်သိမ်းနိုင်သွား

ပီလို့ NUG ထုပ်ပြန်လိုက်ပီဟေ့”(မူလအရေးအသား)

C:\Users\User\Downloads\Firefox_Screenshot_2024-08-17T05-03-47.512Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ တောင်ကြီးမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းဖော်ပြချက် မရှိပါဘူး။ ဒီလိုပဲ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ဒီလိုကြေညာတယ်ဆိုတဲ့ သတင်း ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Myawaddy News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့် မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ တခြားသော လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ ရေးသားမျှဝေချက်တွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ထဲမှာ တောင်ကြီးကို သိမ်းပိုက်လိုက်ကြောင်း NUG ကြေညာလိုက် တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာ ဒီအကြောင်းမပါဝင်ဘဲ “ဝီလပ်ဇင်ယော်”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဩဂုတ် ၉ ရက်က ဖော်ပြထားတဲ့ နိုင်ငံတဝှမ်းက စစ်ရေးဆိုင်ရာ အဖြစ်အပျက် စုစည်းဖော်ပြချက်ကို ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။ 

ဒီလိုသုံးသပ်ဖော်ပြရာမှာ တောင်ကြီးပတ်ခြာလည်မှာ စစ်ရေးအရ အတော်လေး တင်းမာနေတဲ့အကြောင်း ရေးသားဖော်ပြချက်ပါဝင်ပါတယ်။ ဒါပေမဲ့ တောင်ကြီးမြို့ကို တိုက်နေပြီ၊ သိမ်းလိုက်ပြီဆိုတဲ့ ပြောဆိုချက် မပါဝင်ပါဘူး။ 

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တခြားဖော်ပြထားတဲ့ အကြောင်းအရာကတော့ “Hla Soewai” အမည်နဲ့ဖေ့စ်ဘွတ်အကောင့်မှာ ဩဂုတ် ၈ ရက်ကဖော်ပြခဲ့တဲ့ “ညီနောင် သုံးဖေါ် ၏ တရုတ်သို့ ပန်ကြားချက်” ဆိုတဲ့ အတွေးအမြင်ပို့စ်ဖြစ်တယ်။

သုံးသပ်ချက်

“Myawaddy News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိလေ့ရှိတဲ့ ချန်နယ် ဖြစ်တာ တွေ့ရပါတယ်။ တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာလိုက်တယ် ဆိုတာ မဟုတ်ပါဘူး။ လက်ရှိအချိန် အထိ တောင်ကြီးမြို့မှာ စစ်ပွဲနဲ့ ပစ်ခတ်တိုက်ခိုက်မှုရှိတယ်ဆိုတဲ့ အထောက်အထား လည်းမရှိပါဘူး။ 

ပြောဆိုချက်- တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာ

Avatar

Title:Fact Check: တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *