Fact Check: မန္တလေးမြို့‌ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး လူတွေအပြင်မထွက်ကြဖို့ တိုက်တွန်းတဲ့ သတင်းခေါင်းစဉ်တု

False နိုင်ငံရေး | Politics

မန္တလေးမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ဗုံးမိုးရွာနေလို့ အပြင်မထွက်ကြဖို့ PDF-mdy ကတိုက်တွန်းလိုက် တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခုဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

“Breaking News မအလ ရှုံးပြီဝန်ခံလိုက်ပြီ မန္တလေးမြို့ကိုချကုန်ပြီဟေ့ လုံးဝ အပြင်မထွက်ရ PDF-mdy ကြေညာလိုက်ပြီ၊ ဗုံးမိုးရွာပြီဟေ့”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့(အထူးသဖြင့် ရန်ကုန်ခေတ်သစ် မီဒီယာက) သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပြီး  ရန်ကုန်ခေတ်သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။

အခုလည်း မန္တလေးမြို့မှာ တိုက်ပွဲတွေဖြစ်ပြီး ‌ဗုံးတွေကျရောက်ပေါက်ကွဲနေလို့  လုံးဝ အပြင်မထွက်ရလို့ မန္တလေး PDF က ကြေညာတယ်ဆိုပြီး ခေါင်းစဉ်တုတပ်ထားပေမဲ့ ဗွီဒီယိုပါသတင်းတွေဟာ နိုဝင်ဘာ ၂၇ ရက်မှာ ရန်ကုန်ခေတ်သစ်မီဒီယာက ဖော်ပြခဲ့တဲ့ “ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး”၊ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “တောင်သမန်စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီရှမ်းမြောက်သို့ စစ်ကူမလာနိုင်ရေး၊  မန္တလေးတိုင်းသို့ ထိုးဖောက်နိုင်ရေးလုပ်ဆောင်ခဲ့ ဟု မန္တလေး PDF အသိပေး”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းကို လိုအပ်သလို ခေါင်းစဉ်တုထပ်ထားခြင်းဖြစ်တယ်။ တောင်သမန် စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီရှမ်းမြောက်သို့ စစ်ကူမလာနိုင်ရေး၊  မန္တလေးတိုင်းသို့ ထိုးဖောက်နိုင်ရေးလုပ်ဆောင်ခဲ့ကြောင်း မန္တလေး PDF အသိပေးတဲ့ သတင်းကို မန္တလေးမြို့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး တိုက်ပွဲတွေဖြစ်နေလို့ လူထုကို အပြင်မထွက်ဖို့ PDF ကကြေညာသယောင် သတင်းမှားဖြန့်ချိ ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- မန္တလေးမြို့‌ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး လူတွေအပြင်မထွက်ကြဖို့ မန္တလေး PDF တိုက်တွန်း

Avatar

Title:Fact Check: မန္တလေးမြို့‌ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး လူတွေအပြင်မထွက်ကြဖို့ တိုက်တွန်းတဲ့ သတင်းခေါင်းစဉ်တု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *