Fact Check: PDF အင်အား၂သိန်းနဲ့ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ၃ ရက်အတွင်းရှောင်ကြဖို့ NUG သမ္မတအရေးပေါ်သတိပေးဆိုတဲ့သတင်းမှား

Misleading နိုင်ငံရေး | Politics

PDF အင်အား၂သိန်းနဲ့ ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ရန်ကုန်ကနေ ၃ ရက်အတွင်းခေတ္တရှောင်ကြဖို့ NUGသမ္မတ အရေးပေါ်သတိပေးတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်းဖြစ်ပြီး ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်မြို့ ပျောက်ကြားအဖွဲ့တွေက ပြောဆိုထုတ်ပြန်ထားတဲ့ စစ်ကောင်စီပက်သတ်တဲ့နေရာတွေနဲ့ဝေးဝေးနေဖို့ဆိုတဲ့အကြောင်း အရာသာဖြစ်ပါတယ်။

“ရန်ကုန်ကနေ၃ရက်အတွင်းခေတ္တရှောင်ကြဖို့NUGသမ္မတအရေးပေါ်သတိပေး။အင်အား၂သိန်းနဲ့၁ပတ်တိတိသိမ်းမယ်တဲ့”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၂၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုပေါင်း ၅၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

၂ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုမှာ NUG သမ္မတ ဒူဝါလရှီးလရဲ့ ဓာတ်ပုံနဲ့ “ရန်ကုန်ကနေ၃ရက်အတွင်း ခေတ္တ ရှောင်ကြဖို့NUGသမ္မတအရေးပေါ်သတိပေး”လို့ရေးသားထားပေမဲ့ ဒီသတင်းတစ်ခုလုံးမှာ သမ္မတနဲ့ ပတ်သက်တဲ့အကြောင်းအရာတစ်စုံတစ်ရာမပါဝင်ပါဘူး။ သမ္မတက ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ People Spring သတင်းဌာနမှာ “သတိုး”အမည်နဲ့ သတင်းထောက် ရေးသားခဲ့တဲ့ “ရန်ကုန်မြို့တွင် စစ်ဆင်ရေးများဖျက်သိမ်းတော့မည်မဟုတ်၍ စစ်ကောင်စီနှင့်သက်ဆိုင်သည့် နေရာများရှောင်ရှားကြရန် မြို့ပြ‌ပြောက်ကျားအဖွဲ့များ သတိပေး”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။

https://www.facebook.com/LuduNwayOo/posts/pfbid058sD6MYHdRR8vTUJ5JZ6NaSKL6xxgCNvCFAxggZQn2jsBsKwaPAmWqERsohHAmcD

သုံးသပ်ချက်

PDF တွေအင်အား၂သိန်းနဲ့ ၁ပတ်တိတိ ရန်ကုန်ကို သိမ်းပိုက်ဖို့ရှိလို့ ရန်ကုန်ကနေ ၃ ရက်အတွင်းခေတ္တရှောင်ကြဖို့ NUGသမ္မတအရေးပေါ်သတိပေးတယ်ဆိုတာမဟုတ်ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ရန်ကုန်ကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတယ်လို့ ထုတ်ဖော်ပြောကြားထားတာရှိပေမဲ့ အခုလို သမ္မတကကြေညာချက် မျိုးမရှိပါဘူး။ မြို့ပြပျောက်ကြားအဖွဲ့တွေရဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကနေ ဝေးဝေးနေကြဖို့ သတိပေးချက်ကို သမ္မတက အရေးပေါ်ကြေညာတယ်ဆိုပြီးတော့ ချဲ့ကားရေးသားနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: PDF အင်အား၂သိန်းနဲ့ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ၃ ရက်အတွင်းရှောင်ကြဖို့ NUG သမ္မတအရေးပေါ်သတိပေးဆိုတဲ့သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *